Part-3

217 18 0
                                    

" ကျောင်းပိတ်ရက်ကနက်ဖြန်ဆိုတော့ လွင် ဘာလုပ်မလဲ"

ကျောင်းစလစ်ပြင်ပေါ်တွင် စာဖတ်နေသော ဩဂတ်စ်က လွင့်ကိုမေးလိုက်သည်။

" အိမ်မှာ စာအုပ်ပဲဖတ်မှာလေ ဒီနေ့ စာအုပ်တွေအများကြီးငှါးသွားမယ်"

" လွင် စာအုပ်ဖတ်တာရော၊ဘတ်စကတ်ဘောကစားတာရော တော်တော်ကြိုက်တယ်နော်"

" တကယ်က ဘတ်စကတ်ဘောကစားတာပဲကြိုက်တာ စာဖတ်တာက ဒီတိုင်းလုပ်စရာမရှိလို့ ဒါနဲ့ မိုးရော ကျောင်းပိတ်ရက်ဘာလုပ်မှာလဲ"

" ဖေဖေတို့ဆီပြန်ရမှာလေ ပြီးတော့ ရာရာတို့သူငယ်ချင်းတွေနဲ့လည်းကစားမှာ"

" မိုးကကံကောင်းတယ် မိုးဘဝကပျော်စရာကြီး တို့တွေဆို အကိုကအဝေးကြီးမှာ မတွေ့ရဘူး"

" ဟာ...လွင်ကကံကောင်းတာ"

" ဘာဆိုင်လို့"

" ဆိုင်တယ်လေ လွင့်ဘေးမှာ ဒီလောက်ချစ်ဖို့ကောင်းတဲ့ ဩဂတ်စ်မိုးက ဘေးမှာရှိနေတာ ကံကောင်းတာပေါ့"

" ဟုတ်မှာပါ"

နှစ်ယောက်သား ပြိုင်တူရယ်လိုက်ကြသည်။

အိမ်သို့ပြန်ရောက်သော်

" ဟိုအမြွှာနှစ်ကောင် အထုပ်တွေသေချာတင်၊ ပစ္စည်းတွေပါမပါစစ်"

ဦးဝေဖြိုးအသံကတက်ကြွနေသည်။ သောကြာနေ့ညနေကတည်းက ကလေးသုံးကောင်ကို ပြင်ဦးလွင်ပို့ပြီးရင်သူ့တာဝန်ပြီးပြီ။ ကျန်တဲ့၂ရက်ကို ပျော်ပျော်ကြီးဖြတ်သန်းရတော့မည်။

ဩဂတ်စ်မိုးနဲ့ဇူလိုင်ကတော့ ဆင်တူအင်္ကျီများဝတ်ထားသည်။ ကိုကိုက ကားရှေ့ခန်းတွင် ဦးလေးနှင့်ထိုင်သည်။ အမြွှာနှစ်ယောက်ကနောက်တွင် မုန့်စားလျက်လိုက်လာသည်။
ကားလမ်းတစ်လျှောက်လုံး သစ်ပင်ပန်းပင်များကစိမ်းစိုလျက်၊ မန္တလေးရှုခင်းနှင့်ကွဲပြားသည်။

၁နာရီခွဲခန့်မောင်းပြီးသော် "မိုး"ကော်ဖီလုပ်ငန်းဟုဆိုင်းဘုတ်တပ်ထားသည့် ခြံရှေ့သို့ရောက်လာခဲ့သည်။ ဦးဝေဖြိုးက ကားဟွန်းတီးလိုက်သောအခါ ခြံရှေ့ပိုင်းတွင် အလုပ်လုပ်နေသော ဦးလေးကြီးတစ်ယောက်ကတံခါးလာဖွင့်ပေးသည်။

အချစ်ဦးWhere stories live. Discover now