Part-8

200 15 0
                                    

"ဩဂတ်စ်ရဲ့ လက်တွေလှုပ်လာပြီ"

ဆေးရုံကုတင်ပေါ်တွင် ဩဂတ်စ်တစ်ယောက်လဲလျောင်းနေသည်မှာ သုံးရက်ခန့်ကြာခဲ့လေပြီ။ ဩဂတ်စ် ကားအက်ဆီးဒန့် ဖြစ်ဖြစ်ချင်း မိဘတွေကပါ ပြင်ဦးလွင်ကပါ မန္တလေးသို့ဆင်းလာခဲ့ကြသည်။

ဩဂတ်စ် ကုတင်ပေါ်ကနေ မျက်လုံးဝေ့ကြည့်လိုက်တော့ သူ့ကိုပြုံးပြတဲ့ မေမေ့ကိုတွေ့လိုက်ရသည်။ ဘေးတွင်က ကိုကို။

" မေမေ....ရေ...ဆာ..တယ်"

" ဟုတ်ပြီ သမီးငယ်လေး မေမေ ရေယူခဲ့ပေးမယ်"

ဩဂတ်စ်ကို မေမေက ရေကို ဇွန်းနှင့် ခွံ့တိုက်လေသည်။ ကိုကိုက ဩဂတ်စ်ရဲ့ သူငယ်ချင်းတွေကို ဖုန်းဆက်လိုက်ဟန်တူသည်။ မကြာမီ ရဲရင့်တို့ တီးဝိုင်းမှ သူငယ်ချင်းများအပြင် လရောင်တို့အုပ်စု၊ လွင်၊စုလှိုင်နှင့် ဇူလိုင်တို့ပါ ရောက်ချလာလေသည်။

" ဘုရားသခင်ရဲ့ ကရုဏာတော်ကြောင့် ငါ့ကောင်ကြီး သက်သာလာပြီ"

တံခါးဝတွင် ရဲရင့်ရဲ့ အသံခပ်ဩဩက ထွက်လာသည်။ နောက်တွင်ကား သူငယ်ချင်းများကရောက်လာသည်။ ထို့နောက် ဩဂတ်စ်အတွေ့ချင်ဆုံး လူသားရဲ့မျက်နှာလေး၊ ထိုလူသားလေးရဲ့မျက်နှာ ချောင်ကျသွားသလိုထင်ရသည်။
ထိုလူသားလေးက ဩဂတ်စ်ဘေးသို့ ထိုင်မည်ပြုသောကြောင့် ကိုကိုက နေရာဖယ်ပေးလေသည်။

" လွင်....နေမကောင်းဘူးလား...ဟင်"

" လွင်ကနေကောင်းပါတယ်...မိုးပဲ ဂရုစိုက် ကြည့်ဦး ခြေထောက်ရော ၊ လက်ရော ပတ်တီးတွေနဲ့"

ဟုတ်သည်။ ဩဂတ်စ်၏ ညာဘက်လက်တွင် ကျောက်ပတ်တီးနှင့်၊ ခြေထောက် ဘယ်ဘက်တွင်လည်း ပတ်တီးနှင့်ပင်။

" ဟား....အခန်းထဲ လူတွေများနေတာ ဦးလေး ဆေးကုဖို့ နေရာကျန်သေးလား"

ပြုံးပြုံးကြီးဖြင့် အခန်းထဲသို့ နွေ၏ဖေဖေ ဒေါက်တာ မြတ်မင်းအောင်က ဝင်လာသည်။

ဒေါက်တာက နားကြပ်ဖြင့်စမ်းသပ်နေလေသည်။ ကျန်တဲ့လူတွေကတော့ ဘေးသို့ဖယ်ပေးလိုက်ကြသည်။ လွင်ကတော့ ဩဂတ်စ်ဘေးတွင် မတ်တပ်လေးရပ်လျက်။

အချစ်ဦးWhere stories live. Discover now