Part-7

228 14 3
                                    

မနက်ခင်းစောစောတွင် နွေဆူးခက်အောင်တစ်ယောက် အတန်းထဲ၌ bio notesများကို စာရွက်ပေါ်တွင်ချရေးနေသည်။ စောသက်ရာက ရန်ကုန်ရောက်နေသဖြင့် သူ့ထိုင်ခုံတွင် သူတစ်ယောက်တည်းသာ ထိုင်နေလေသည်။ စုလှိုင်ကတော့ နွေမှာထားသည့်အတိုင်း ကျောင်းကိုစောစောလာကာ အခြေအနေအကဲခတ်နေသည်။
ကျန်လူများကလည်း ကိုယ့်စာကိုယ်သာလုပ်နေကြသည်။

ဝုန်း......

တံခါးကိုကန်ဖွင့်လိုက်တဲ့ နေလင်းသစ်။ အားလုံးကလန့်ဖျန့်သွားကြကာ တိတ်ဆိတ်သွားလေသည်။ ထို့နောက် ရယ်သံကျွတ်စီကျွတ်စီထွက်လာလေသည်။

ခါတိုင်း ဆရာ၊ဆရာမများက ကျောင်းကို ယောကျာ်းလေးများ ဆံပင်အရှည်မထားရန်၊ဆေးမဆိုးရန်ဆုံးမထားသည်။ ဒါကို နေလင်းသစ်က ဆံပင်ကို ပုခုံးအောက်ထိထားကာ နီညိုရောင်ဆိုးလေသည်။ ကျောင်းပိုင်ရှင်သားဆို၍ အာဏာပြလိုခြင်းပင်။ ယခုမူ နေလင်းသစ်က ကတုံးတုံးလာလေသည်။

နေလင်းသစ်က ဒေါသတကြီး နွေဆူးခက်အောင်ထိုင်ရာ ခုံသို့ လျှောက်သွားလေသည်။ ထို့နောက် ဘေးမှ လွတ်နေသောခုံကို ခြေထောက်နဲ့ကန်လိုက်သည်။ ထိုင်ခုံမှာ လွင့်ထွက်သွား၏။

" မင်း မနေ့က ငါ့ကိုဘာလုပ်ခဲ့လဲ မင်းသိလား"

" ငါလည်းပြန်မေးမယ် မင်း မနေ့က ဘာလုပ်ခဲ့လဲရော မင်းကိုမင်းသိလား"

" မင်း ငါ့ဆံပင်ကို ရိုက်သလိုလိုနဲ့ ပီကေနဲ့ကပ်သွားတာလေ အခု ငါ့မှာ ကတုံးနဲ့ဖြစ်နေပြီ"

" အဲဒီတော့ ဒါကမင်းကိုအပြစ်ပေးတာပဲလေ မိန်းကလေးအဝတ်လဲခန်းထဲဝင်မယ်လုပ်လို့ ပြီးတော့ မိန်းကလေးတစ်ယောက်ကိုရိုက်လို့"

ကျောင်းသားကျောင်းသူများကတိုးတိုးပြောနေကြသည်။ "နေလင်းသစ်က အဲလိုလူကြီးလား နှာဘူးပဲ"စသည်ဖြင့် အသံမျိုးစုံ။

နေလင်းသစ်၏မျက်နှာကြီးက ခရမ်းချဉ်သီးကဲ့သို့နီလာလေသည်။ သူဘေးပတ်ဝန်းကျင်ကိုကြည့်တော့ နွေရေးထားသော bioမှတ်စုစာရွက်များ။

" ကဲကွာ ငါ့လာထိရင် မင်းတို့ဂရုတစိုက်တန်ဖိုးထားတာတွေ ငါကပြန်ဖျက်ဆီးမှာ"

အချစ်ဦးWhere stories live. Discover now