Description

1.7K 116 2
                                    

Unicode

အစားထိုးခံ အမျိုးသမီး အတွင်းရေးမှူး

Description

စူးထောင် ရှဲ့ကျင်နှင့် ချစ်သူဖြစ်ခဲ့သည်မှာ 4နှစ်ခန့် ရှိနေပြီဖြစ်သည်။

ရှဲ့ကျင်တစ်ယောက် သံသယလွန်ကဲ တတ်ပြီး ထိန်းချုပ်လိုစိတ် ပြင်းပြနေချိန်တွင် စူးထောင်က ရှဲ့ကျင် ဘာပြောပြော လိုက်နာပြီး နာခံမည်ကို လူတိုင်းက သိနေကြ၏။

ပေးသမျှအမိန့်ကို ဘယ်လိုလိုက်နာရမလဲကိုသာ သိသော အတွင်းရေးမှုးတစ်ယောက်အနေနှင့် သာမာန်လူများ လက်လှမ်းမမီနိုင်သော အထူးအခွင့်အရေးကို ရရှိပြီး သူ့ဘေးနားတွင် သူမ ဘယ်လိုလုပ်နေနိုင်မည်နည်း။

တခြားသူများ၏ အကူအညီဖြင့် စူးထောင်သည် ရှဲ့ကျင်၏ သံသယလွန်ကဲစွာတောင်းဆိုမှုများက သူ၏အရင် အတွင်းရေးမှူးပုံစံအတိုင်း သူမအားအစားထိုးပုံသွင်းရန် ကြိုးစားနေမှန်းသိသွား၏။ သူမက ဘာမှမဟုတ်သော အစားထိုးခံသာဖြစ်သည်။

စူးထောင်သည် ခြေရာလက်ရာပင် မကျန်ဘဲ ထွက်စာ တစ်စောင်သာချန်ထားပြီး လုံးဝ ပျောက်ကွယ်သွား၏။

ရှဲ့ကျင်တစ်‌ယောက် စူးထောင်ကို ရှာမတွေ့သည့်အခါ နတ်ဆိုးတစ်ဦးပမာ ဖြစ်သွားမည်ဟု မည်သူကမျှ မထင်ထားခဲ့ပေ။ သူရူးသွပ်သွားသည့်အခါ သူ၏ ဒေါသကို မည်သူတစ်ဦးတစ်‌ယောက်မျှပင် ထိန်းချုပ်ရန် မတတ်နိုင်ချေ။

.....

စူးထောင်သည် ရှဲ့ကျင်ကို လုပ်ငန်း‌တွင်းရှိ အောင်မြင်တိုးတက်ဆဲ ကုမ္ပဏီတစ်ခု၏ နှစ်ပတ်လည် တွေ့ဆုံပွဲတွင် နောက်တစ်ကြိမ်တွေ့လိုက်ရသည်။

သူမက ရှယ်ယာရှင်တစ်ဦးအနေဖြင့် ပေါ်ထွက်လာကာ လူအများအား အံ့အားသင့်သွားစေပြီး မရေမတွက်နိုင်သော အလားအလာရှိသည့် လူငယ်များ၏ အာရုံကိုဆွဲဆောင်လိုက်နိုင်၏။

သူမ ထွက်သွားခါနီးအချိန်တွင် ရှဲ့ကျင်တစ်ယောက် ရုတ်တရက် သူမလက်ကောက်ဝတ်ကို ဖမ်းဆွဲကာ ရူးသွပ်မှုအပြည့် မျက်လုံးနီများဖြင့် "လိမ္မာတယ်။ မသွားပါနဲ့။"

အစားထိုးခံ အမျိုးသမီး အတွင်းရေးမှူး (ဘာသာပြန်) Where stories live. Discover now