6

217 37 0
                                    

Unicode

အစားထိုးခံ အမျိုးသမီး အတွင်းရေးမှူး

အပိုင်း ၆

စူးထောင်သည် ဟယ့်ရှောင်ရွေ့နှင့်ဆုံပြီး လက်ဖက်ရည်သောက်ခန်းဆီသို့ ပထမဆုံးအကြိမ်လှမ်းဝင်လာခဲ့သည်။

လက်ဖက်ရည်သောက်ခန်းထဲက အစားအစာများသည် ကောလဟာလအတိုင်းပင် ဆိုးရွားနေသော်လည်း စူးထောင်ကတော့ ပျော်ရွင်စွာနှင့်စားနေ၏။

'ပင်လယ်စာ မပါတဲ့နေ့လယ်စာက အရသာအရှိဆုံးနေ့လည်စာပဲ။'

စူးထောင်ပျော်ရွင်စွာ ‌စားနေသည်ကိုကြည့်ရင်း ဟယ့်ရှောင်ရွေ့တစ်ယောက် မျက်လွှာချလိုက်ကာ သူမစားနေသည့်အစားအစာမှာ စားဖိုးမှူးတစ်ယောက်ထဲမှ ချက်ထားသည့် အစားအစာမဟုတ်သလိုမျိုး ခံစားလိုက်ရ၏။

မီးရောင်အောက်တွင် စူးထောင်၏ စိန်လက်ကောက်က သူမလှုပ်ရှားလိုက်တိုင်း တလက်လက်ဖြစ်နေပြီး  ဟယ့်ရှောင်ရွေ့၏ မျက်လုံးနှင့်နှလုံးသားကို ဖမ်းစားထား၏။

"ထောင်ထောင် နင့်လက်ကောက်က အရမ်းလှတာပဲ။ စိန်ကလည်းကြီးလိုက်တာ။"

စူးထောင်သည် ဟယ့်ရှောင်ရွေ့၏ စကားကိုကြားသည်နှင့်တူကိုချကာ ထိုလက်ကောက်အား နေ့တိုင်းလိုလိုဝတ်ထားမိသည်ကို သတိထားမိသွား၏။

'သူ့ရဲ့ အလေ့အထတွေက သူမဘဝရဲ့ကဏ္ဍတိုင်းကို လွှမ်းခြုံနေပြီး ဘယ်ထောင့်ကနေ ထွက်လာမယ်မှန်း မပြောနိုင်ဘူး။'

ဟယ့်ရှောင်ရွေ့၏ စကားက နံဘေးဝိုင်းရှိ လုပ်ဖော်ကိုင်ဖက်များရဲ့ အာရုံကိုဆွဲဆောင်သွားမိပြီး စိတ်မြန်လက်မြန်ရှိ‌သော ဖော်ကိုင်ဖက်တစ်ယောက်က ရုတ်တရက်ပြောလိုက်သည်။ "အတွင်းရေးမှူးချင်မှာလည်း အဲဒီလိုပုံစံမျိုးတစ်ကွင်းရှိတယ်။"

စူးထောင်သည် သူမကိုလှည့်ကြည့်လာသောအခါ ထိုလုပ်ဖော်ကိုင်ဖက်အမျိုးသမီးက သူမ မပြောသင့်တာကို ပြောမိသွားမှန်းသတိရသွား၏။

"တစ်ပုံစံထဲပဲလား။" စူးထောင်က သူမကိုမေးလိုက်သည်။

ထိုအမျိုးသမီး၏ မျက်နှာက အေးခဲသွားပြီး သူမနံဘေးရှိလူကိုကြည့်တော့သည်။ လူတိုင်းက ခေါင်းငုံ့ပြီး စားသောက်ခြင်း၌သာ နှစ်မြုပ်ထားကြရင်း သူမရဲ့ အကူအညီတောင်းနေသော အကြည့်ကိုလျစ်လျူရူထားကြ၏။

အစားထိုးခံ အမျိုးသမီး အတွင်းရေးမှူး (ဘာသာပြန်) Where stories live. Discover now