2

423 64 0
                                    

Unicode

အစားထိုးခံ အမျိုးသမီး အတွင်းရေးမှူး

အပိုင်း ၂

အသံ၊ ရုပ်ထွက်ပစ္စည်းကောင်းမွန်သော ဗီလာကြီးထဲတွင် စူးထောင်တစ်ယောက် အသင့်စားခေါက်ဆွဲတစ်ပန်းကန်ကို တရှုပ်ရှုပ်သောက်လိုက်ပြီး ကျေနပ်စွာဖြင့် နှုတ်ခမ်းသပ်လိုက်သည်။

သူမက ချက်ပြုတ်ခြင်းကို မကြိုက်သောသူဖြစ်ပြီး ရှဲ့ကျင်အတွက် မနက်စာလုပ်ပေးသည်မှလွဲ၍  မီးဖိုချောင်ကိုဝင်ခဲ၏။ ညဘက်တွင် အသင့်စားခေါက်ဆွဲတစ်အိုးကိုတည်လိုက်ပြီး ပျော်ရွင်စွာနှင့် ခေါက်ဆွဲပြုတ်များကို တရှုပ်ရှုပ် စားလေသည်။

ရှဲ့ကျင်သည် များသောအားဖြင့် သူမအား ဒီလိုအသင့်စား အစားအစာကို စားခွင့်မပြုသောကြောင့် အပေါ်ယံတွင် နာခံဟန်‌ဆောင်ကာ သူ မရှိသည်နှင့် တိတ်တဆိတ်စားတော့သည်။

သူမ၏ဖုန်းသည် တင်းတင်းမြည်သွားပြီး ထိုအရာက ရှဲ့ကျင်ထံမှ ဗီဒီယိုဖိုင် တစ်ခုပင်။ နှိပ်လိုက်သည်နှင့် သူ့မျက်နှာကိုထိမိသွားသည်။

မပြောမဖြစ်ပြောရရင် ကြည့်ကောင်းခြင်းဆိုတာခေါင်းမာခြင်းတစ်မျိုးပင်။ ဘယ်လိုပင် ရုပ်ဆိုးသည့်ရှုထောင့်ကနေ ကြည့်ကြည့် ကြည့်ကောင်းနေရမည်။

ဗီဒီရိုရဲ့နောက်ခံက သူမကို တစ်ကြိမ်တစ်ခါမျှ ခေါ်မသွားဖူးသည့် သီးသန့်ကလပ်ဖြစ်ပုံရ၏။ သူ့သူငယ်ချင်းတွေဟာ စူးထောင်ရှိနေသည်ကို သိသော်ငြား သူမကိုမမြင်ဖူးကြချေ။

အတိတ်တုန်းက စူးထောင်သည် မလုံခြုံသလို ခံစားခဲ့ရသောကြောင့် သူမ မပါသည့်တွေ့ဆုံပွဲများကို သူသွားသည့်အခါတိုင်း သူမသက်သောင့်သက်သာဖြစ်စေရန် ဗီဒီယိုဖိုင်များ အမြဲတမ်းလိုလို ပေးပို့လာသည်။

ဗီဒီယိုက လူအများ၏မျက်နှာ တဝိုက်အလျင်အမြန်ဖြတ်ကျော်သွားသဖြင့် သူမ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရချေ။ သို့သော်ငြား မျက်တော်တစ်ခတ်စာတွင် ပန်းနုရောင်ပုံသဏ္ဍာန်ကို တစေ့တစောင်း ဖမ်းမိလိုက်၏။

အစားထိုးခံ အမျိုးသမီး အတွင်းရေးမှူး (ဘာသာပြန်) Tahanan ng mga kuwento. Tumuklas ngayon