6

5.8K 304 29
                                    

မနက်ခင်း မနက်စာခေါက်ဆွဲစားရင်းဖုန်းကြည့်နေတဲ့ ဂျောင်ဂု..အိမ်ရှေ့ဘက်ကိုကျောပေးကာထိုင်နေတာကြောင့်အနောက်ကလာသူကိုမမြင်ရ..

ထယ်ဟျောင်းတယောက်​ ဖုန်းလေးပွတ်ရင်းမနက်စာစားရန် ထမင်းစားခန်းသို့အလာ ခေါင်းငုံ့ကာခေါက်ဆွဲစားနေတဲ့ ဂျောင်ဂုကို တမင်လုပ်ချင်စိတ်ကြောင့် ဖုန်းပွတ်နေတဲ့လက်ကတတောင် ဆစ်နဲ့ ဂျောင်ဂုရဲ့ခေါင်းကိုဝင်တိုက်မိသယောင်တိုက်တွန်းတွန်းလိုက်တာကြောင့် ခေါက်ဆွဲစားနေတဲ့ ဂျောင်ဂုမှာ ပါးစပ်နဲ့နှာခေါင်းတို့မှာ ခေါက်ဆွဲအရည်တွေပေပွလို့သွားသည်..

" ဂင်မ်ထယ်ဟျောင်း! !!"

" အိုးးးးဆော်တီး မမြင်လိုက်လို့ "

" လီးကိုမမြင်တာလား ဘေးမှာနေရာအကျယ်ကြီးကို ငါ့ခေါင်းဝင်တိုက်စရာဘာအကြောင်းမှမရှိဘူး မင်းတမင်လုပ်တာမဟုတ်လား "

" တမင်လုပ်စရာလား ငါတတောင်ဆစ်လေးတောင်နာသွားတယ် "

သူတတောင်ဆစ်ကတောင်နာသွားပါတယ်ဆိုပြီး တတောင်ဆစ် ကိုပွတ်ကာလုပ်ပြနေတဲ့ ထယ်ဟျောင်းရဲ့မချိုမချဥ်မျက်နှာကြောင့် ဂျောင်ဂုဒေါသကငယ်ထိပ်သို့ပိုရောက်သွားပြီး ထိုင်နေရာကနေထကာ ထယ်ဟျောင်းနားကိုသွားလို့ အနောက်က နံရံကပ် ဗီဒိုကိုလက်သီးဖြင့်ထိုးလိုက်တာကြောင့် ထယ်ဟျောင်းရဲ့ကိုယ်လုံးလေးဟာ ကျုံ့လို့သွားပြီး သူ့ကိုအပေါ်ကနေစီးပြီးကြည့်နေတဲ့ ဂျောင်ဂုကို မျက်လုံးလေးလှန်လို့ကြည့်နေသည်..

" ဘာ မင်းကတောင်နာသေးတယ်ပေါ့ဟုတ်လား ငါ့ခေါင်း ငါ့မျက်နှာပေကုန်တာကရော "

ဂျောင်ဂုဂျိုင်းအောက်ကနေလျိုထွက်လို့သွားပြီး
စားပွဲပေါ်ကတစ်ရှူးကိုယူကာပေနေတဲ့ ခေါက်ဆွဲရည်တွေကိုသုတ်ပေးနေတဲ့ ထယ်ဟျောင်း..

" ဆော်တီးပါ တကယ်မမြင်လိုက်လို့ပါ"

" ဖယ် စောက်ပိုတွေလာမပြောနဲ့ ​မင်းကြည့်နေ!!!"

ထယ်ဟျောင်းရဲ့လက်ကိုတွန်းဖယ်ကာ လက်ညိုးငေါက်ငေါက်ထိုးလို့ မျက်လုံးကြီးပြူးကာ ပြောသွားတဲ့ ဂျောင်ဂု.. မျက်နှာငယ်လေးလုပ်ပြကာ နားထောင်နေတဲ့ထယ်ဟျောင်း .အဲ့ရုပ်ကိုက
ဂျောင်ဂုအတွက်ပိုပြီးဒေါသထွက်ချင်စရာ..

𝕄𝕣. 𝕄𝕣 Dove le storie prendono vita. Scoprilo ora