15

6K 349 56
                                    

ညနေစောင်းလောက်မှာကမန်းကတန်းအပြေးလေးရောက်လာတဲ့ သူငယ်ချင်းနှစ်ယောက် အစကမသိသေးဘူး ဂျောင်ဂုစီ ဖုန်းဆက်ကြည့်တော့ ထယ်ဟျောင်းကဖုန်းကိုင်ပြီး ဂျောင်ဂုအိပ်နေတယ်ပြောတော့ ပြန်အဆင်ပြေပြီထင်ခဲ့ကြတာ တကယ်တော့ဆေးရုံရောက်နေမှန်းသလို့ရောက်လာကြခြင်းဖြစ်သည်..

ဟိုဘီ " ဟေ့ရောင်ဘယ်လိုဖြစ်တာလည်း "

" မင်းတို့ဘယ်လိုရောက်လာကြတာလည်း "

ဂျီမင် " တနေကုန်ရောက်လည်းမလာဘူး အရင်နေ့ကလိုဘာဖြစ်တယ်ညာဖြစ်တယ်ပြောသံလည်းမကြားလို့ အိမ်မှာတခုခုဖြစ်​နေမလားဆိုပြီးစိတ်ပူပြီးဆက်လိုက်တာ မင်းမကိုင်ပဲထယ်ဟျောင်းကိုင်တာသူပြောပြလို့သိတာ ဒါနဲ့ထယ်ဟျောင်းရော ပြန်သွားတာလား အနားမှာနေပေးဖို့မပြောလိုက်ဘူးလား အဲ့လောက်တောင်စိမ်းကားသွားတာလား.ဒါနဲ့သူကဘယ်လိုဖြစ်လို့မင်းဆေးရုံတက်ရတာသိနေတာလည်း "

" ဖြေးဖြေးဂျီမင် မင်းသိချင်တာတွေအရမ်းများနေပြီ ပြောပြမယ် မနက်က ထယ်ဟျောင်းစီဖုန်းပြန်ဆက်လို့ရခဲ့တယ် အဲ့တာတွေ့ဖို့ပြောပြီး ငါသူ့ကိုဝင်ခံလိုက်ပြီ "

ဟိုဘီ " ကောင်းတယ် ဒါနဲ့ထယ်ဟျောင်းကလက်ခံလား ပြန်ချစ်တယ်တဲ့လား"

" ဟင့်အင်း "

ဂျီမင် " ဘာ! ထယ်ဟျောင်းကငြင်းတာလား မင်းကိုမချစ်ဘူးတဲ့လား "

" အင်း ငါသူနဲ့စကားပြောပြီး ဗိုက်အောင့်တာနဲ့ဆေးရုံရောက်လာတာ ငါအနားမှာနေပေးဖို့ပြောထားလို့ နေပေးနေတာ "

ဟိုဘီ " အနားမှာနေခိုင်းလို့နေပေးနေတာဆို သူမင်းကိုစိတ်ရှိလို့ပေါ့ "

" ဟင့်အင်း ထားပါငါကြိုးစားမယ်လို့ပြောထားတယ် "

ဂျီမင် " ဒါနဲ့ ထယ်ဟျောင်းကိုမတွေ့ပါလား "

" ခုဏအလုပ်ကိစ္စတွေမှာစရာရှိလို့ဆိုပြီးအပြင်ခဏဖုန်းထွက်ပြောနေတယ် "

သူစကားအဆုံးမှာပဲ အခန်းထဲဝင်လို့လာတဲ့ ထယ်ဟျောင်း. ဟိုဘီနဲ့ဂျီမင် ကလည်းဝင်လာတဲ့ထယ်ဟျောင်းကိုနှုတ်ဆက်လိုက်သည်..

𝕄𝕣. 𝕄𝕣 Where stories live. Discover now