1

585 65 1
                                    

Unicode

၁၉၆၀ ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း

အပိုင်း ၁

     
နေထွက်လာပြီဖြစ်သည်။ လူအများစု နေကာကွယ်ရန် ရှပ်အင်္ကျီလက်ရှည်များ ဝတ်ပြီး အလုပ်သွားကြသည်။ အလုပ်လုပ်ရင်း စကားပြောကြသည်ဖြစ်သည်။ "မနက်အိပ်ရာထတော့ အေးပြီး အလုပ်စလုပ်တော့ အရမ်းပူတယ်"

  
အမျိုးသားတစ်ယောက်က လည်ပင်းမှာ ပတ်ထားသော သဘက်နှင့် မျက်ခုံးမှ ချွေးများကို သုတ်ရင်း "မင်းတို့ကြားပြီးပြီလား?"
     

ဒီလို အစချီလာသည့်အခါတိုင်း တစ်ခြားလူများအလုပ်ကောင်းကောင်း မလုပ်နိုင်ကြဘဲ ပေါက်ပြားနှင့် ရောက်လာပြီး "မင်းဘာကြားခဲ့လို့လဲ?"ဟု မေးကြသည်။
      

"ချူယောင်း လယ်ထဲကို လာပြီး ချက်ချင်းမေ့လဲသွားတယ်" ဟု ထိုအမျိုးသားက ပြောသည်။

အဲ့ဒါကို ကြားပြီးပြီးချင်း တစ်ခြားသူများ ဆွံ့အသွားကြသည်။ "ဘာကို ရေကြီးခွင်ကျယ်လုပ်တာလဲ? ချူယောင်းခန္ဓာကိုယ်က အရမ်းကြီးတာ၊ ဘယ်လိုအလုပ် သူမ လုပ်နိုင်မလဲ၊ ပြီးတော့ ငါတို့ရွာက ဟိုပညာတတ်လူငယ်တွေလည်း အလုပ်ကို ရက်နည်းနည်းလောက်လုပ်ပြီး မေ့လဲသွားကြတာမလား?"

အမျိုးသားလည်း အကြောင်းတူနေသည့်အခါ ဆက်မပြောဖြစ်တော့ပေ။
       
          
တစ်ချိန်တည်းမှာပင် အိမ်မှာ လဲနေပြီး ထူထားရသည့် ချူယောင်း ရုတ်တရက် လျင်လျင်မြန်မြန် ထထိုင်လာသည်။

      
ထိုသို့ လုပ်ပြီးသည့်နောက် သူမအပေါ်ပိုင်းသာ လေးလံနေသည်မဟုတ် ခန္ဓာကိုယ်ပါ အရမ်းလေးလံနေသည်ကို ခံစားမိသည်။ သူမ မျက်လုံးဖွင့်ကြည့်သောအခါ ပုံရိပ်နှစ်ထပ် မြင်နေရ၍ သူမ မျက်လုံးပြန်ပိတ်ရပြီး ခဏအနားယူရသည်။
        
            
သူမမျက်လုံးပြန်ဖွင့်သောအခါ ဘေးပတ်ဝန်းကျင်ကို သေချာစွာ မြင်နိုင်သွားသည်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံး အဝါရောင်ရွှံ့နံရံများဖြင့် ပြည့်နေသည်။ သေချာကြည့်သည့်အခါ ခေါင်းထိပ်က မြေက ဖုန်များနှင့် ပြီးတော့ ပတ်ဝန်းကျင်သည်လည်း ဖုန်များနှင့် ပြည့်နေသည်။
         
         
ချူယောင်း ဒီအရာများကို ဂရုမစိုက်နိုင်ပါ။ သူမကိုယ်ပေါ်က အဝတ်အစုတ်အပြဲများကိုသာ ကြည့်မိသည်။ သူမ၏ကိုယ်ပေါ်မှာ ဘာလို့ အသားအများကြီး ရှိနေရသည်နည်း???

၁၉၆၀ ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း (ဘာသာပြန်)Where stories live. Discover now