9

128 22 1
                                    

Unicode

၁၉၆၀ ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း

အပိုင်း ၉

                       
ကျီအမေနှင့် ကျီအဖေ ဝင်လာ၍ ကြည့်လိုက်သောအခါ အမှန်ပင် ချူယောင်း စွပ်ပြုတ်ချက်နေကြောင်း တွေ့လိုက်သည်။

                          
ချူယောင်း သူတို့ရောက်လာသော်လည်း မတုန်လှုပ်ပါ "ကျွန်မ အစောကြီးနိုးနေလို့ " သူမနှုတ်ဆက်စကားပြောသလို ပြောလိုက်ပြီး ခေါင်းငုံ့၍ သူမစွပ်ပြုတ်ကိုသာ သောက်လိုက်သည်။

                              
" မင်း ဘယ်က ကြက်သားရတာလဲ?" ကျီအဖေ ခြံထဲမှ ကြက်မွှေးများကို လက်ညှိုးထိုးရင်း သူ ချူယောင်း အိမ်ကကြက်ကို သတ်လိုက်သည်ကို မယုံနိုင်။

                                  
"ကြက်ခြံထဲက ဖမ်းမိတာဖြစ်နိုင်တယ် " ချူယောင်း ပန်းကန်လုံးထဲမှ စွပ်ပြုတ်သောက်ပြီး၍ အသားကိုကိုက်စားရန်ပြင်လိုက်သည်။

                         
ကျီအမေ သေချာစကားမပြောနိုင်သေး၊ သူမအတတ်နိုင်ဆုံး"ငါတို့ကိုကြက်ပြန်ပေး "ပြောရင်း ပန်းကန်လုံးကိုလုရန် သွားလိုက်သည်။

                           
ချူယောင်း သူမပန်းကန်လုံးကို ပေးရန်စိတ်ကူးမရှိ၍ ကျီအမေကို ရှောင်လိုက်သည်။

                           
" ငါတို့မိသားစုမှာ မင်းလို သူခိုးချွေးမတစ်ယောက်ရှိတယ်။ ငါတို့ မင်းကို မင်းအမေအိမ် ပြန်အပ်သင့်နေပြီ?"ကျီအဖေ အလွန်စိတ်တိုနေပြီဖြစ်သည်။ ဒီမိန်းမက စိတ်မမှန်၊ ကြာရင်ပိုဆိုးမည်။

                            
  " ဒီလိုလုပ်လို့မရဘူး။  ကျွန်မနဲ့ ကျီနန်ဖုန်းမင်္ဂလာပွဲလုပ်ခဲ့တာ။ လက်ထပ်မှတ်ပုံတင်ရှိတဲ့အတွက်ကြောင့် တရားဝင်တယ်။ ကျွန်မကို မောင်းထုတ်ရင် ကျွန်မ ရှင်တို့ကို တရားစွဲမယ်" ချူယောင်း သူတို့ကိုအရင်ဆုံးခြောက်လိုက်သည်။

                             
" ငါတို့မိသားစုက နင့်လို ချွေးမကို ကျွေးမထားနိုင်ဘူး။  ငါ ဒုတိယမြောက်သားကို နင်နဲ့ကွာရှင်းခိုင်းမယ်"

၁၉၆၀ ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း (ဘာသာပြန်)Where stories live. Discover now