4

244 35 1
                                    

Unicode

၁၉၆၀ ခုနှစ် ကျွန်းပေါ်သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း

အပိုင်း ၄

          
"ကောင်းပြီ  သမီးအကိုအကြီးဆုံးနဲ့ ယောင်းမ တကယ်ပဲ မှားတာ။ သမီး ဘာလျော်ကြေးလိုချင်လဲ? အိမ်မှာ အဝတ်စတစ်စရှိတယ်၊ အဲဒါ ဖြတ်ယူမလား?" ကျီအဖေ လူတွေပိုပိုများလာတာ တွေ့ရသည်။ မျက်နှာပေါ်က အပြုံးကို ထိန်းထားရသည်မှာ ကြာလေ ခက်လာသည်။

                  
  "ဒုတိယကလေး မိသားစုအကြောင်း ပြောတာဖြစ်တယ်၊ အလျော့ပေးနိုင်ရင် လျော့ပေးပါ"

              
"ဒါဆို ကျွန်မကို ငွေနည်းနည်းလောက်ပေးပါ။ ဆေးရုံသွားဖို့ ငွေလိုပါတယ်။ ကျွန်မခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာအများကြီးပဲ၊ ကျွန်မ သေချာမကုဘူးဆိုရင် ပြင်းထန်စွာ နာမကျန်းဖြစ်လိမ့်မယ်လို့ ဆရာဝန်ကပြောတယ်" ပြဿနာကို အချိန််အကြာကြီးဆွဲလျှင် သူမအတွက် မကောင်းဘူးဆိုတာ ချူယောင်းသိသည်။

     
ကျီအဖေလည်း ငွေကြေးတောင်းမည့်အကြောင်း အစောကြီးတည်းက ထင်ပြီးဖြစ်သည်။ ဒါပေမယ့် သူက ငွေကို သူ၏အသက်လောက် ချစ်သည်။ သူ၏ငွေအားလုံးကို သူ၏ ကလေး၂ယောက်အတွက် ထားခဲ့မည်ဖြစ်ပြီး မည်သူကိုမှမပေးချင်ပါ။

                
"အဖေ့မှာ ငွေမရှိဘူး၊ မနက်ဖြန် အဖေတောင်ပေါ် တက်ပြီး သမီးအတွက် ဆေးရွက်တွေ ခူးပေးမယ်" လူကြီးတစ်ယောက်က အငယ်တစ်ယောက်အတွက် တောင်ပေါ်တက်၍ ဆေးရွက်ခူးပေးရမည်ကို ကြည့်နိုင်မလားဟု ထေ့ငေါ့၍ ကျီအဖေ ပြောလိုက်သည်။

                      
"အဖေ ဆေးရွက်ခူးပေးမယ့်အစား သမီးကို ငွေအချို့ ပေးလိုက်တာ ပိုအဆင်ပြေပါတယ်။ ပြီးတော့ သမီးခင်ပွန်း ကျီနန်ဖုန်း ဒီနှစ်တွေမှာ မိသားစုအတွက် ငွေတွေ မနည်း ပို့ပေးထားတာပဲ။ အဖေ သမီးကို ငွေမပေးနိုင်ဘူးဆိုတာ မယုံနိုင်ဘူး"ဟု ချူယောင်း ပြောလိုက်သည်။

             
"အဖေ သူ့ကို ပြုစုပျိုးထောင်ဖို့ ငွေတွေအများကြီးသုံးခဲ့တာ သမီးလည်းသိတာပဲ။ သူ စစ်သားတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ဖို့ သွားတော့ သူ အိမ်ကို ငွေအချို့ပြန်ပို့ခဲ့ပါတယ်။ ဒါပေမယ့် မိသားစုက လူတွေအများကြီးအတွက် ငွေသုံးရတာ၊ ငွေဘယ်မှာ စုမိမလဲ? သူ့ကို ပြုစုပျိုးထောင်ခဲ့တဲ့ သူ့အကိုအတွက် သူအခုပြန်ပြီး ကျေးဇူးမဆပ်သင့်ဘူးလား? " ကျီအဖေ သူ့သားနှင့် သမီး ငွေတွေအားလုံးဖြုန်းလိုက်သည်ကိုတော့ အစပင်မဖော်ခဲ့။

၁၉၆၀ ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း (ဘာသာပြန်)Where stories live. Discover now