10

318 37 2
                                    

Unicode

၁၉၆၀ ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း

အပိုင်း ၁၀

                          
"ညီမလေး အစ်မကို ကျေးဇူးတင်စရာမလိုပါဘူး။ အစ်မတို့က မိသားစုပဲ" ကျီရို သူမအိတ်ထဲမှ လက်တစ်ဆုပ်စာအဝတ်လက်မှတ်များကို ထပ်ထုတ်လိုက်သည်။

"အစ်မ ဒီအဝတ်လက်မှတ်တွေကို လပေါင်းများစွာစုထားတာ။ ညီမလေး သွားလဲပြီး အဝတ်ချုပ်ဝတ်" ကျီရို ချူယောင်း အဝတ်အပြဲများကို ကြည့်ပြီး  ချူယောင်း ဤအိမ်တွင် နေရသည်မှာအဆင်မပြေကြောင်း သိလိုက်သည်။ "သူတို့ ညီမလေးကို အနိုင်ကျင့်နေတာလား?"

                                  
ကျီရိုငယ်စဥ်က ဤအိမ်တွင် နေခဲ့သည်။ သူမအဖေ နောက်မိန်းမ ထပ်ယူသည်မှာ သူမအမေ‌ဆုံးပြီး သိပ်မကြာပါ။ မြောင်ချွေဟွာက သူမကို နေ့စဥ်ရိုက်နှက်ခဲ့သည်။ သူမ အဲ့လို နေ့ရက်များကို ကျော်ဖြတ်ခဲ့ရသည်။

                               
ချူယောင်း သူမကို စိတ်မပူစေချင်၍ ခေါင်းသာခါလိုက်သည်။ ကိုယ်ဝန်မှာ မွေးတော့မည်ဖြစ်၍ သူမကို မခြောက်လှန့်သည်က ပိုကောင်းသည်။

                          
ကျီရို ချူယောင်းလက်မောင်းတွင် အမာရွတ်တစ်ခုကိုမြင်၍ တခြားလက်ကိုပါ ဆွဲလိုက်ပြီး မ တင်ကြည့်လိုက်သောအခါ တချို့ဒဏ်ရာများမှာ ဖူးရောင်နေကြောင်း တွေ့လိုက်သည်။

                         
"ညီမလေးကို ဒီလောက်ထိ ဆိုးဆိုးရွားရွား ရိုက်တယ်ဆိုတော့ သူတို့ တော်တော်ရက်စက်တာပဲ" ကျီရိုထလိုက်ပြီး စာရင်းရှင်းရန် ပြင်လိုက်သည်။

                              
ချူယောင်း ဒီလိုနေ့စေ့လစေ့ ကိုယ်ဝန်သည်ကို သူမအတွက် ကူညီဖြေရှင်းရန် ခွင့်မပြုရဲပါ "ညီမ သူတို့ကို ပညာပေးပြီးသွားပါပြီ။ အစ်မ မသွားပါနဲ့တော့။ အန္တရာယ်များတယ်"

                          
ချူယောင်း မနေ့ကဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်မှ ကျီရို စိတ်ချမ်းသာသွားသည်။ "နောက်ဆို အစ်မကို တစ်ယောက်ယောက်လွှတ်ပြီး အကြောင်းကြားလိုက်  "

၁၉၆၀ ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း (ဘာသာပြန်)Where stories live. Discover now