Unicode
၁၉၆၀ ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း
အပိုင်း ၆
"သူမက ခုခံကာကွယ်တာ။ သူမကို ရိုက်တာက ခင်ဗျားတို့သားအကြီးဆုံးနဲ့ ချွေးမ၊ ခင်ဗျားတို့ သူမကို လျော်ကြေးပေးရင်ပေး၊ မပေးချင်ရင် သူမကို တော်လှန်ရေးကော်မတီမှာ တရားစွဲခိုင်းလိုက်"
"ကျွန်တော့်သားနဲ့ သမီးက လက်မထပ်ရသေးပါဘူး။ တကယ်လို့ သားအကြီးဆုံးနဲ့ ချွေးမ တရားစွဲခံရရင် သားရေး သမီးရေးကိစ္စ ပြောရခက်လိမ့်မယ်" ကျီအဖေ သူနှင့် အဖွဲ့ခေါင်းဆောင် ကြားရုံမျှအသံဖြင့် ပြောလိုက်သည်။
ကျီအဖေက ပြသာနာ၏ ပြင်းထန်မှုကို သိသည်။ သူ၏သားအငယ်ဆုံးမှာ ယခုမှ အထက်တန်း ဒုတိယနှစ်ဖြစ်သည်။ အနာဂတ်တွင် အလုပ်သမားများ၊ လယ်သမား၊ စစ်သားများမှာ အဖွဲ့ခေါင်းဆောင်အပေါ် မှီခိုရမည်ဖြစ်သည်။ မိသားစုတွင် ဒီလိုပြသာနာရှိလျှင် သားအငယ်ဆုံး ကျောင်းသွားနိုင်မည် မဟုတ်တော့ပေ။
"ကောင်းပြီ၊ ငါတို့ ယွမ်၁၀၀ပေးမယ်" ကျီအဖေ အံကြိတ်ပြီး ပြောလိုက်သည်။
"ကလေး၊ ငါ့မျက်နှာထောက်ပြီး ဒီကိစ္စကို အလျော့ပေးပေးပါ" အဖွဲ့ခေါင်းဆောင် ဒီပြသာနာကြောင့် ရွာနာမည်ပျက်မည်စိုး၍ ချူယောင်းကိုသာ သည်းခံခိုင်းရမည်ဖြစ်သည်။
"အဖွဲ့ခေါင်းဆောင် မျက်နှာထောက်ပြီး သမီး ဆေးဖိုးသာ ယူလိုက်ပါ့မယ်။ ဒါပေမယ့် အကိုအကြီးဆုံးနဲ့ ယောင်းမ နေကောင်းရင် သမီးကို တောင်းပန်ရမယ်" ချူယောင်းလည်း အခုမှာ ကောင်းသည့်ရလာဒ်ဖြစ်၍ လက်ခံလိုက်သည်။
ကျီအဖေ လက်ရမ်း၍ ပြောလိုက်သည်။ "ဒါက လွယ်ပါတယ်။ သမီးအကိုအကြီးဆုံးနဲ့ ယောင်းမ နေကောင်းရင် အဖေ သူတို့ကိုခေါ်ပြီး သမီးကို လာတောင်းပန်မယ်။ ဒီကိစ္စလည်း အဆုံးသတ်ပါပြီ။ လူတိုင်း မြန်မြန် အလုပ်ပြန်လုပ်ကြပါ"
YOU ARE READING
၁၉၆၀ ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း (ဘာသာပြန်)
RomanceName - Raising cubs on the island in the 1960s Type - web novel (CN) Genre - Romance Tags - Through Rebirth Authors - Jiang Zhizhi Myanmar trans - khat team Chapters - 82 This Story Isn't Mine. We're Just Translation. All Credit To Original Author A...