Intro

5.1K 256 81
                                    

(N- မဖတ်နဲ့ဦးကွ... အခုမှ Edit လုပ်တုန်း)

... Being captured by green..

ရေတံခွန် စိမ့်စီးသံ...
ကျေးငှက်အသံများနှင့်အတူ နံဘေးပတ်ဝန်းကျင်မှာ ရှိနေသည့် သစ်ပင်များက အုံ့ဆိုင်းနေသည်...။

ဝါးပိုးကို ဖောက်ထားသည့် ရေဗူးနှစ်ခုကို ယူကာ ရေတံခွန်ရှိရာသို့...။ ရေတံခွန်မှ ရေများကို ဝါးပိုးထဲသို့ ထုတ်ပြီးသည့်နောက်မှာတော့ ကျောက်တုံးတစ်ခုပေါ် အရောက်... တစ်စုံတစ်ယောက်...

ချက်ချင်းပင် သူ့မျက်နှာကို တွေ့ပြီး ထွက်ပြေးမည် ပြင်စဥ်မှာပင် သိပ်လျင်သည့် ထိုသူက...

"...ဘာလို့ ပြေးဖို့ ကြံနေတာလဲ?"

ထိုစကားတစ်ခွန်းနောက်မှာတော့ ကျွန်တော်လည်း အပြေးအလွှား သူ့ထက်မှ လွှတ်အောင် ကြံစည်မိသည်...။

သို့ပေမယ့်...
ချက်ချင်းဆိုသလို သစ်ရွက်တစ်ရွက်လို ပေါ့ပါးစွာဖြင့် ကျွန်တော့်ကို ပွေ့ချီသည်...။ ကျွန်တော်လည်း သူ့ပွေ့ချီမှုအောက်မှာပင် အတင်းအကြပ် ရုန်းကန်နေတော့ သူက အောက်ကို ပြန်ချပေးလာသည်...။

ထို့နောက် ကျွန်တော့်ခြေထောက်တွေ ဘယ်ညာမရွေ့ခင်မှာပင် ခြေချင်းဝတ်ကို ဖိနှိပ်လိုက်သည်...။

ချက်ချင်းဆိုသလို နာကျင်မှုနှင့်အတူ လဲပြိုသွားသလို လမ်းပြန်လျှောက်ဖို့လည်း အဆင်မပြေတော့...။ သူကတော့ အေးအေးဆေးဆေးပင် ကျွန်တော့်ကို ကြည့်နေပြီး....

"..ဒီလောက်နဲ့ လိုက်ခဲ့တော့... ဒါက ငါလုပ်ခဲ့သမျှ ပြစ်မှုထဲမှာ အညင်သာဆုံးပဲ...။ ငါလုပ်ရပ်အတိုင်းဆို အနည်းဆုံး အရိုးချိုးပြီးမှ တစ်ခုခုကို ဖြတ်တောက်လိုက်တာ...။ ဆက်ပြီး ရုန်းနေမယ်ဆိုရင် တစ်ကိုယ်လုံးက အရိုးတွေ မချိုးဖြစ်ဘူးလို့ ငါ အာမ မခံဘူး..."

မျက်နှာတည်ဖြင့်ပင် ပြောလာသည့် သူ...
ထိုမျက်နှာ...
ထိုမျက်နှာက လွယ် အမုန်းဆုံး...
ဘာလို့ဆို... လွယ့်ရဲ့ အစ်ကိုက... သူ့ကို ဖမ်းဖို့ ကြိုးစားရင်း...

လွန်ခဲ့သော နှစ်နှစ်ခန့်က...

ဂိုထောင်ပျက် တစ်ခု...

Being captured by Green..Where stories live. Discover now