အပိုင်း (၄)

1.5K 112 54
                                    


.... အကြည်ဓာတ်လေးက
စီးကရက် သောက်တာ
မကြိုက်ဘူး...

****

ယခင်အပိုင်းမှ အဆက်...

သူ...
သူက ဘယ်သူလဲ?

သူ့ပုံစံက သေချာကျနစွာ ဝတ်ဆင်ထားသည်...။ အနောက်တိုင်း ဝတ်စုံနှင့် အတော်လေးကို လိုက်ဖက်သည်...။

မေးရိုးထင်းထင်း ရှိသည်...။ ဘယ်ဘက် နဖူးပြင်မှာ အမာရွတ်လိုလိုရှိသည်...။ မျက်ခုံးများက ဇင်ယော်အတောင်လို ရှိနေပေမယ့် သန်သန်မာမာ ရှိသည်...။

နှာတံစင်းစင်း... မျက်လုံးများက စူးရဲတောက်ပနေသည်...။ အရပ်က ၆ပေ၆လက်မ နီးပါးရှိသည်...။ ခန္ဓာကိုယ်က ကျစ်လစ်တောင့်တင်းနေသည်...။

သူ့လက်ချောင်းများက ရှည်လျားကာ ကြီးမားသည်...။ ကျွန်တော့်လက်နဲ့ဆို သူ့လက်များက အတော်လေးကို ကွာခြားသည်...။

သူ့ပုံစံက အတော်လေးကို ယုံကြည်မှု ရှိပြီး ပြတ်သားသည့် အသွင်၊ ရက်စက်သည့်အသွင် ဆောင်နေသည်...။ သူ့ပုံစံကို အားလုံး ခြုံငုံကြည့်ရရင် သူက ပြတ်သားပြီး ရက်စက်မည့်သူ...။ သူလိုချင်တာကိုလည်း ရအောင် ယူနိုင်သည့်သူ ဖြစ်နိုင်သည်....။

သူ့ဆီမှ ရနံ့က ချောကလက် အနံံ့ပြင်းပြင်း ထွက်နေသည့် ဆေးလိပ်ရနံ့၊ ပြီးတော့ ကော်ဖီခါးလိုလို ရနံ့တစ်ခု...။ ပြောရရင်တော့ သူ့ခန္ဓာကိုယ်က ရနံ့က ချိုပြီး ငြိမ်နေတာမျိုး မဟုတ်တာကြောင့် သူ့ခန္ဓာကိုယ်က နူးညံ့မှုများကို မခံစားရ....။

သူ့ခန္ဓာကိုယ်က ခါးသက်သည့် ရနံ့တစ်ချို့များသာ ရှုရှိုက်မိသည်...။ ပြောရရင်တော့ အဲ့ဒီ ရနံ့ကို ကြိုက်တဲ့ သူတွေဆို ဆွဲဆောင်မှု ပြင်းသည့် အတိုင်းအတာတစ်ခု....။

သူထွက်သွားပြီး နောက်မှာတော့ ကျွန်တော်လည်း ကြောက်ရွံ့တုန်လှုပ်မှုကြောင့် အတော်လေးကို စိတ်ကို ချုပ်ထိန်းထားခဲ့ရသည်...။ အတော်လေး စိတ်ကို ငြိမ်အောင် ထိန်းထားပြီးမှသာ အိမ်ကို ပြန်ဖို့ ကြိုးစားမိသည်...။ သို့ပေမယ့် အဲ့ဒီအကြောင်းအရာက ကျွန်တော့်ခေါင်းထဲမှာ တဝဲလည်လည် ရှိနေသည်...။

သူက နောက်နေ့ ထပ်ပြီး လာမှာလား?
နောက်နေ့ ထပ်ပြီး လာရင်ရော ကျွန်တော် ဘယ်လိုလုပ်ရမလဲ? ကျွန်တော် ဘာလုပ်သင့်လဲ? ကျန်တာထက်... သူ့ကို အသက်ထွက်မတတ် ကြောက်ရွံ့မှုတို့...။

Being captured by Green..Where stories live. Discover now