အပိုင်း (၁)

2.2K 165 18
                                    

{Unicode}

...အစ...

***

(......) ပြည်နယ်...

နံနက်ပိုင်း...

"ငြိတွယ်... ကိုကို အလုပ်သွားတော့မယ်နော်...။ ကျောင်းကို စောစောသွားဖို့ မမေ့နဲ့ဦးနော်..."

"ကိုကို ခဏ..."

မိမိမှာ အလုပ်သွားဖို့ ပြင်နေတုန်းမှာပင် ကျောင်းသွားဖို့ ပြင်ဆင်နေသည့် ငြိတွယ်က အိမ်ထဲကနေ ထွက်လာသည်...။

"သြော် ကဲ... ဖြည်းဖြည်းလာမှပေါ့...။ ကဲ အခုရော ပေကုန်ပြီ မလား? အကျီ်တွေကို သန့်သန့်ရှင်းရှင်း ဖြစ်နေရမယ်လို့ ကိုကိုပြောထားတယ်လေ..."

မိမိအနားသို့ ပုံမှန်မဟုတ်သော အရှိန်နဲ့ အပြေးအလွှား လာချိန်မှပင် မနေ့ကမှ ပုံထားသည့် မြေကြီးပုံမှ ခဲတစ်ခုကို ခလုတ်တိုက်မတတ်ပင် ဖြစ်သွားတာမို့ ပွေ့ထိန်းလိုက်မိသည်...။

"အဟင်း... ဒီအတိုင်း လောကြီးသွားတာပါ..။"

"ကဲ ပြော... မုန့်ဖြူလုံး ဘာပြောချင်လို့လဲ?"

မိမိရဲ့ အသံတစ်ခုနောက်မှာတော့ နှာခေါင်းကို ရှုံ့ကာဖြစ်ပျက်သွားသည့် သူ့ပုံကို ကြည့်ပြီး ပြုံးမိလိုက်သည်...။

"မုန့်ဖြူလုံးလို့ မခေါ်တော့ပါနဲ့..."

သြော... လက်စသတ်တော့ သူက သူ့ကို မုန့်လာဥလို့ ခေါ်တာကို မကြိုက်နေတဲ့ ပုံပင်...။ တကယ်တမ်း သူ့ကို မုန့်ဖြူလုံးလေးလို့ ခေါ်ခဲ့တာက သူက မေးကတည်းက ဖွေးဖွေးဥဥ ဖောင်းဖောင်းလေးနဲ့ မုန့်ဖြူလုံးလေးလို ဖြစ်ခဲ့တာ...။

"... ငြိတွယ်က ဉာဏ်မကောင်းလို့ အဲ့လိုခေါ်တာ မဟုတ်ပါဘူး...။ ငြိတွယ်က မွေးကတည်းက ဖြူဖြူလုံးလုံးလေးနဲ့ ချစ်ဖို့ကောင်းလို့ ခေါ်ခဲ့တာပါ...။"

"ဒါပေမယ့်... အခု ငြိတွယ်က ငယ်ငယ်တုန်းကလို မဝ တော့ဘူးလေ...။"

ဟုတ်ပါရဲ့...
ငြိတွယ်ရဲ့ ငယ်ငယ်တုန်းက ပုံနဲ့ အခုပုံနဲ့က အတော်လေးကို ကွာခြားသွားခဲ့ပြီ ဖြစ်သည်...။

ငယ်ငယ်တုန်းက ဝဝကစ်ကစ် ဖွေးဖွေးလုံးလုံးလေး ဖြစ်ခဲ့သမျှ အခုတော့ သေးသေးသွယ်သွယ်လေးနဲ့ ကောင်ချောလေးအဖြစ်တောင် ကူးပြောင်းခဲ့ပြီ ဖြစ်သည်...။

Being captured by Green..Where stories live. Discover now