အပိုင်း (၇)

970 81 10
                                    


{Unicode}

....ဒူးထောက်ပြီး ကိုးကွယ်တယ်ဆိုတာ
မင်းကို....

****

စနေနေ့...

နံနက်ပိုင်း

"ဒီနေ့က အတန်းမရှိဘူး မလား? ကိုကိုက မေမေတို့ကို သွားကြိုရင် ငြိတွယ် လိုက်မယ် မှတ်နေတာ.."

"ဟုတ်တယ်... ကိုကို။ အစတုန်းက မေမေတို့ကို ငြိတွယ်ကိုယ်တိုင် လိုက်ပြီးတွေ့မလို့ပါ။ ဒါပေမယ့် အခုက"

"ကျောင်းပိတ်ရက်ကြီးကို ကျောင်းက ခေါ်တာလား? အခုမှ ကျောင်းတက်တာ သိပ်ပြီး မရှိသေးတာကို။"

ကိုကိုက မယုံသင်္ကာဖြင့်ပင် မေးလာသည့် အချိန်မှာတော့ ကျွန်တော်လည်း တတ်နိုင်သမျှ လိပ်ပြာလုံဖို့ အမူအရာထိန်းလိုက်ရင်းမှ...

"ဟုတ်တယ်... ကျောင်းက မဖွင့်ပေမယ့်... တီချယ်အိမ်ကို သွားရမှာ။ ငြိတွယ်လည်း သိပ်ပြီးတော့ မသွားချင်ပါဘူး... ပျင်းတယ်ဗျ..."

ကိုကို သံသယမဝင်အောင် အနည်းငယ် ငြီးငြူပြလိုက်သည့်အချိန်မှာတော့ ကိုကိုက သက်ပြင်းကို ဖြည်းညှင်းစွာ ချသည်။ ထို့နောက် စိတ်မကောင်းသည့် မျက်နှာဖြင့်ပင်...

"အင်းလေ... ဘယ်တတ်နိုင်မလဲ? ကျောင်းက ရှိနေတာကို... ငြိတွယ်... ပြီးရင်သာ ကိုကို လာကြိုလိုက်မယ်နော်။ ဘယ်အချိန်လောက် အတန်းချိန်က ပြီးမလဲ..."

"သေချာတော့ မသိဘူး ကိုကို။ ဒါပေမယ့် အတန်းချိန်ပြီးတာနဲ့ ချက်ချင်းဖုန်းဆက်လိုက်မယ်လေနော်... ကိုကို စိတ်မပူပါနဲ့... တစ်ခြားသူငယ်ချင်းတွေလည်း ပါ ပါတယ်။"

"တစ်ခြားသူငယ်ချင်းတွေ ဟုတ်လား?"

"ဟုတ်တယ်... အဲ့ဒီသူငယ်ချင်းတွေကို နောက်မှ မိတ်ဆက်ပေးမယ်...နော်။ အခုတော့ စိတ်မထင့်ပါနဲ့... ငြိတွယ် မဟုတ်တာ ဘာမှမလုပ်ပါဘူး။"

"ရပါတယ်... ကိုကိုက မင်းကို ယုံပါတယ်... ။ ဒါပေမယ့် မင်း တစ်ခုခု​ဖြစ်မှာ စိုးရိမ်တာပါ။ စိတ်ချရရင် ပြီးတာပါပဲ... မေမေတို့ကို ကိုကို့ဘာသာ ပြောပြလိုက်မယ်နော်... စာသာ ကောင်းကောင်းသင်ပြီး ဘေးကင်းအောင် နေနော်။ အခုရက်ပိုင်းက လုယှက်တဲ့ သူတွေနဲ့ ပေါနေတာ။"

Being captured by Green..Where stories live. Discover now