FOOL [07]

21 1 17
                                    


"Jisoo ya.. အခု BLSSOO Company ကိုသွားရမယ်။ သူဋေးကနင့်ကိုခေါ်နေတယ်"

"Wae..?"

"ငါလည်းမသိဘူး။ အတွင်းရေးမှူးက ဖုန်းဆက်တာပဲ အရေးကြီးတဲ့ပုံပဲ။ ငါက ဒီမှာ ရိုက်ကူးရေးမပြီးသေးဘူးလို့ပြောတာတောင် ရွေ့ပြီးတော့လာခဲ့လို့ပြောနေတယ်။ အဲ့ဒါအခုသွားရမှာ ငါဒါရိုက်တာပြောခဲ့ပြီးပြီ ရက်ရွေ့ဖို့"

"အဲ့ဒါဆိုသွားမယ်လေ"

Company သို့ရောက်သော် အတွင်းရေးမှူးက jisoo တို့ရောက်နေပြီဖြစ်ကြောင်း ဖုန်းဖြင့် အခန်းထဲသို့ဆက်လိုက်ပြီး

"ဝင်သွားလိုက်ပါ သူဋေးကစောင့်နေပါတယ်"

Jisoo အခန်းပေါက်ဝမှာ အသက်ကို အားရအောင်အရင်ရှူရှိုက်လိုက်သည်။
ထိုနောက် မန်နေဂျာ unnie နဲ့အတူ အခန်းထဲကိုဝင်သွားသည်။
ဆိုဖာခုံမှာ ထိုင်နေတဲ့ Kim Ha Joon ကို အရိုအသေပြုလိုက်သည်။

"ထိုင်"

jisoo ခုံမှာ ကျုံ့ကျုံ့လေးဝင်ထိုင်လိုက်သည်။

"Kim Jisoo နင်တို့ဒီညလန်ဒန်ကိုသွားဖို့အဆင်သင့်သွားလုပ်ချေတော့"

"yhae!!.."

"M COUNTDOWN က CEO ကိုယ်တိုင်လာပြောသွားလို့ ငါလက်ခံထားတယ်"

"သူဋေး jisoo က ဟိုတလောကတင်ပြောထားတာ မလိုက်ဘူးဆိုပြီးတော့။ အခုမှဘာဖြစ်လို့လဲ။ ပြီးတော့ ကြားထဲမှာ schedule တွေအများကြီးပဲ တချို့ဟာတွေဆို ရွေ့လို့အဆင်ပြေမှာမဟုတ်ဘူး"

"အဲ့ဒါငါကြည့်စီစဥ်လိုက်မယ် Becky။ သူဋေးက ဇွတ်အတင်းတောင်းပန်နေလို့ သိတယ်မလား...Jisoo.. နင်က အရမ်းနာမည်ကြီးနေပြီ။ နင်မပါလို့ဆိုပြီး အားကစားရုံအသေးမှာပဲ စီစဥ်ထားတဲ့လက်မှတ်တောင် သုံးပုံပုံ တစ်ပုံတောင်ရောင်းမကုန်ဘူးဖြစ်နေတယ်။ အဲ့ဒါ တစ်နာရီလောက်က CEO ကိုယ်တိုင် ဒီကိုရောက်လာပြီး ဇွတ်တောင်းပန်နေတာနဲ့ ငါလည်းလက်ခံလိုက်တယ်"

ထိုစဥ် Kim Ha Joon ဆီသို့ဖုန်းဝင်လာသဖြင့် KHJ ဖုန်းကိုင်ကာ နားထောင်လိုက်ပြီး..

"........."

"ဟုတ်လား ဝမ်းသာစရာသတင်းပါပဲ Min-sa-jang"

F O O LWhere stories live. Discover now