FOOL [08]

14 1 17
                                    


ခါးမှာတင်းကြပ်နေတဲ့လက်တစ်စုံ။
နေရတာလဲခါတိုင်းလိုသက်သောင့်သက်သာမရှိတာကြောင့် Tiffany အိပ်မှုန်စုန်ဖွား မျက်လုံးအစုံကိုဖွင့်လိုက်တော့ မျက်လုံးရှေ့တိုက်ရိုက်ပေါ်လာတဲ့ မြင်ကွင်းလှလှ...။

သွေးကြောစိမ်းလေးတွေဖြတ်ပြေးနေသယောင်ရှိတဲ့ အနီနုရောင်သမ်းတဲ့အသည်းပုံနှုတ်ခမ်းပါးတစ်စုံ... ပြီးတော့ကော့ညွတ်နေတဲ့မျက်တောင်လှလှတွေရယ် ဇင်ရော်တောင်မျက်ခုံး နှာတံရှည်ရှည်လေး... မျက်နှာတစ်ခုလုံးခြုံငေးပြီးချိန်မှာတော့ Tiffany အသက်ရှူဖို့တောင်မေ့သွားရသလို။

လူတစ်ယောက်ဟာ ဘာလို့ဒီလောက်လှရက်နိုင်ရတာပါလိမ့်။

အချိန်အတော်ကြာ စိတ်ကြိုက်အဝငေးကြည့်မိပြီးနောက် အကြည့်တွေကို နံရံကနာရီဘက်ဦးတည်လိုက်တော့ အချိန်က 9 နာရီ။

သူ့ရင်ခွင်ထဲကကောင်မလေးနိုးသွားမှာစိုးတာကြောင့် Tiffany အသံတိတ်လှုပ်ရှားပြီး ဖြည်းဖြည်းချင်းထလိုက်တယ်။

ပင်ပန်းနေတဲ့ကောင်မလေး အေးဆေးအိပ်ပါစေလေ...

******

"အင်း..."

ခန္ဓာကိုယ်က အပျင်းကြောမှန်သမျှကို အားပါးတရကွေးဆတ်လိုက်ရင်း လက်တစ်ဖက်နဲ့ အိပ်ရာပေါ် ဟိုစမ်း ဒီစမ်းလုပ်နေလိုက်သည်။

သူ့အမျိုးသမီးလေး။

မစမ်းမိသဖြင့်မျက်လုံးသေချာဖွင့်ပြီး ဘေးကိုကြည့်လိုက်တော့ Fany unnie မရှိတော့တာမို့ အိပ်ချင်မူးတူးစိတ်တောင်ဘယ်ရောက်သွားလဲမသိ။

ဝုန်းခနဲ အိပ်ရာကနေထလိုက်ပြီး အောက်သို့ဆင်းပြေးလာသည်။
အောက်ထပ်မှာလည်းမရှိသဖြင့် Fany unnie ဘေးခန်းသွားမလို့ပြင်တုန်း ထမင်းစားခန်းစားပွဲပေါ်မှာ အုပ်ဆောင်းအုပ်ထားတဲ့အရာကိုဖြတ်ကနဲတွေ့လိုက်ရတာမို့ အဲ့ကိုအရင်သွားမိသည်။

အုပ်ဆောင်းပေါ်တွင်ကပ်တားတဲ့ Memo ကို Jisoo ယူကြည့်လိုက်သည်။

• ဆူးကင်မ်... ဒီလိုမနက်ခင်းမျိုးမှာ မင်းနဲ့အတူတူမနက်စာစားချင်ပေမယ့် Shooting တစ်ခုရှိလို့ သွားလိုက်ရတယ်။ မင်းအတွက် မနက်စာပြင်ပေးထားခဲ့တယ် ညကျမှတွေ့မယ်နော်..•

F O O LWhere stories live. Discover now