FOOL [10]

22 1 20
                                    


မျက်နှာပေါ်ကျလာတဲ့နေရောင်ခြည်ရဲ့အထိအတွေ့ကြောင့် Jisoo မျက်လုံးတွေပွင့်လာခဲ့သည်။

မနေ့ကအဖြစ်အပျက်တွေကိုအိပ်မက်တစ်ခုဖြစ်ပါစေလို့ ဆုတောင်းခဲ့ပေမယ့် သူ့ဆုတောင်းတွေမပြည့်။
မျက်လုံးနှစ်လုံးဖွင့်ဖွင့်လိုက်ချင်း မနေ့ကအိမ်ကြီးကိုသူတွေ့လိုက်ရသည်။
တစ်ညလုံးအပြင်မြက်ခင်းပေါ်မှာပဲရှိခဲ့သဖြင့်တကိုယ်လုံးကိုက်ခဲနေလေသည်။ လက်ကဒဏ်ရာကလဲ သွေးတွေနဲ့ခြောက်ကပ်နေပေမယ့်လို့ တော်တော်နာနေသည်။

Jisoo ကုန်းရုန်းထကာ အိမ်ထဲသို့ဝင်သွားပြီး တွေ့ရာဆိုဖာခုံတစ်ခုပေါ်တွင် ငေးငိုင်စွာထိုင်နေလေသည်။

သူ့ရင်ဘတ်တစ်ခုလုံးမုန်တိုင်းဖြတ်တိုက်ထားခံရသလို ဇောက်ထိုးမှောက်ခုံး အရာရာအားလုံးဟာလာဟင်းလင်းဖြစ်နေပြီး လူက လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားသလိုပင်။
အသိစိတ်ပင်မရှိတော့ချေ။

ဒီတိုင်းထိုင်နေရင်းနဲ့
မဆုံးနိုင်တဲ့မျက်ရည်တွေစီးကျလာပြန်သည်။

သူ့ဘဝကြီးမှောင်အတိကျနေတဲ့အချိန်
ထိန်လင်းတောက်ပလွန်းတဲ့လမင်းလေးတစင်းရဲ့
အလင်းဓာတ်ကြောင့် အသက်ဆက်လို့ရခဲ့ပြီး
အဲ့လမင်းလေးကပဲ တိမ်စိုင်အမည်းတစ်ခုလို
မှောင်အတိကျသွားခဲ့သည်။

unnie အမုန်းတွေမှန်သမျှကို ji ချစ်ပေးမယ်
unnie ဘေးနားမှာ ဘယ်လိုအခြေအနေမျိုးနဲ့ပဲနေရနေရ ji နေမှာ။
နာကျင်ရမှာကြောက်လို့ စွန့်လွှတ်လိုက်မှ unnie အနားမှာမရှိတော့ရင် ji သေရလိမ့်မယ် တီဖနီယောင်းရယ်..။
အမှန်အတိုင်းပြောရရင် unnie ပေးတဲ့နာကျင်မှုတွေကိုကအစ ji အရမ်းကိုမြတ်နိုးနေမိတာပဲ။

အဆုံးမသတ်နိုင်တဲ့အတွေးတွေက သူ့ကိုတမြေ့မြေ့နဲ့သတ်သည်။
fany unnie သာတနေ့သူ့ကိုထားခဲ့မယ်ဆိုရင်....ဟင့်အင်း အတွေးနဲ့တင်သူမခံစားနိုင်။
တီဖနီယောင်းနဲ့ စ တီဖနီယောင်းနဲ့ဆုံးတဲ့ သူ့အသက်ရှူသံတွေမှာ တီဖနီယောင်းမရှိတော့ရင် သူအရာအားလုံးချုပ်ငြိမ်းသွားဖို့သာရှိတော့သည်။
တီဖနီယောင်းဆိုတာ သူ့အသက်သွေးကြောမျှင်။

F O O LWhere stories live. Discover now