FOOL [16]

28 1 12
                                    


"Fany ya နောက်ဆုံးကျတော့လည်း
ငါ့ဆီလာရတာပဲမလား
နင်ငါ့ကို မငြင်းနိုင်တာ ငါသိတာပေါ့"

သူဆိုတာ လိုချင်တာကိုမရကအောင်ယူတတ်တဲ့သူမျိုး။
Fany အခုတလောတွဲနေတဲ့ Kim Jisoo ဆိုသော ဂျူနီယာအငယ်လေးကိုသူသဘောမကျ။
Fany ကမချစ်ဘူးလို့ပြောပြောနေပေမယ့် ဘယ်သူကသိနိုင်မလဲ အနေနီးလို့သံယောဇဥ်တွယ်သွားရင်ဘယ်သူတာဝန်ယူပေးမလဲ။
Fany ကိုသူအရင်ဦးထားတာ။ ဟိုးအရင် trainess ကတည်းက သူ နဲ့ Fany က အတူတူအိပ်မက်တစ်ခုကိုအကောင်အထည်ဖော်ခဲ့ကြတာ။
Fany လိုအပ်တိုင်း စိတ်အားငယ်တိုင်း အနားမှာရှိပေး ဖေးမပေးခဲ့တာ သူ။
မိဘ သူငယ်ချင်း မောင်နှမ Fany အတွက်အရာအားလုံးဖြစ်ပေးခဲ့တာ သူ။
အခုမှပေါ်လာတဲ့ကလေးမလေးကြောင့် Fany ကိုအဆုံးရှုံးခံဖို့ဆိုတာဝေးပါသေးတယ် Fany ကအမြဲသူ့အပိုင်ပဲ။

ဒီကလေးမလေးနဲ့ကိစ္စကိုမြန်မြန်အဆုံးသတ်လိုက်ပါဆိုတာကို Fany ကဘာတွေတွန့်ဆုတ်တွန့်ဆုတ်လုပ်နေလဲမသိပါဘူး။
ကြာရင်သဝန်တိုရလွန်းလို့ အသက်တိုတော့မှာဒီက။
အခုတလော သူ့အပေါ်ကို နည်းနည်းသူစိမ်းဆန်ချင်သလိုဖြစ်လာတဲ့ Fany မျက်ဝန်းတွေကိုသဘောမကျ။
Fany အဲ့လိုဖြစ်လေ အဲ့ကလေးမလေးကိုချစ်သွားပြီလား ဆိုတဲ့အတွေးတွေကသူကိုနှိပ်စက်လေ။
Fany ကိုသူပိုင်တယ်ဆိုတဲ့အကြောင်း ကင်မ်ဂျီဆူးဆိုသောကောင်မလေးကိုသက်သေပြချင်သည်။

"Fany Ah.."

ပြောရင်းဆိုရင်း Fany ကသူ့ဆီလျှောက်လှမ်းလာသည်။
ဒီတနေ့တော့ မွေးနေ့လက်ဆောင်အဖြစ် သူ Fany ကိုအရယူဖို့ဆုံးဖြတ်ထား၏။ Fany က သူ့အပိုင်ပဲဖြစ်ရမယ်။

"နင်တစ်ယောက်တည်းလား Taetae.. ဟိုဟာတွေရော"

"သူတို့ကိုနောက်ကျမှလာလို့ပြောထားတယ် အခုနင်နဲ့ နှစ်ယောက်တည်းဖြတ်သန်းချင်လို့"

Fany က ပြုံးပြလာသည်။ ဒီ eye smile လေးတွေကို ဟိုး trainess ကတည်းက သူမြတ်နိုးလာခဲ့တာ အခုချိန်ထိတစက်မှမလျော့သေး။
Eye Smile Queen ဆိုပြီးကြူးနေကြတဲ့ Sone တွေကိုတောင်သူသဝန်တိုချင်မိသည်။

"ရော့ နင့်အတွက်သီးသန့်စပ်ပေးထားတဲ့ဝိုင်"

သူကမ်းပေးတော့ Fany က နှစ်ခါတောင်မငြင်း။
သူ့ Boo လေးဘယ်လောက်သောက်ရတာကြိုက်လဲဆိုတာသူအသိဆုံး။ အဖွဲ့ထဲမှာ Sunny နဲ့ Fany ကအသောက်နိုင်ဆုံးပင်။ တစ်ခါတစ်လေ Sunny ထက်တောင်ပိုသောက်နိုင်သေး၏။

F O O LWhere stories live. Discover now