FOOL [40]

7 0 0
                                    


အခုတော့ဘာတတ်နိုင်သေးလဲ fany yah..
နင်က ငါ့အထိအတွေ့တွေကို လွန်ဆန်နိုင်ရိုးရှိလို့လား...ဟင်း...

နင့်ကိုငါသာ ပိုင်ဆိုင်ခွင့်မရဘူးဆိုရင်
ဘယ်သူမှလည်းပိုင်ဆိုင်ခွင့်မရစေရဘူး..fany...
နင်တို့နှစ်ယောက်ကို ငါက မကွဲကွဲအောင်လုပ်ပေးမှာ...ha..

"fany yah.. ခံစားရတာကောင်းလား"

တုံ့ပြန်မှုရှိမလာတဲ့ခန္ဓာကိုယ်ကြောင့် taeyeon စိတ်ပျက်စွာ fany မျက်နှာကိုလှမ်းကြည့်လိုက်တော့

"အား!!!...."

ပိတ်ထားသည့်မျက်ခွံတို့မှ မျက်ရည်များစိမ့်ထွက်လျက် ပါးစပ်တစ်ခုလုံးသွေးချင်းနီနေသည့်တိုင် လျှာကိုမလွတ်စတမ်းကိုက်ထားတဲ့ Tiffany ကြောင့် Taeyeon လန့်သွား၏။

လုံးဝထင်မှတ်မထားလောက်အောင်ခြောက်ခြားစရာကောင်းသည်မို့ Taeyeon ဦးနှောက်တွေ ခဏ black ဖြစ်သွားပြီးမှ အသိပြန်ဝင်လာကာ fany ကိုအတင်းတားတော့သည်။

"fany yah.. နင်ဘာလုပ်တာလဲ...ရူးသွားပြီလား...လွှတ်လိုက်လို့"

မလွတ်..။
ဘယ်လိုတားတားမရတော့သည့် ခေါင်းမာလှတဲ့အဆုံး
Taeyeon Tiffany နှုတ်ခမ်းတွေကိုအတင်းနမ်းကာ ကိုက်ထားတဲ့ Fany လျှာအစား သူ့လျှာကိုထိုးထည့်ပေးတယ်။

လျှာမှတဆင့်စိမ့်ဝင်လာတဲ့နာကျင်မှုကိုခံယူရင်း သူကိုယ်တိုင်လည်းမျက်ရည်တွေကိုထိန်းချုပ်မနိုင်တော့။
ငါနဲ့ဖြစ်ရမှာ အဲ့လောက်မုန်းတာလား။
ငါကအဲ့လောက်တောင် မသထီစရာကောင်းလား။
အရမ်းကိုနာကျင်ရပါတယ် Tiffany Young ရေ..။ ငါ့ရင်ထဲဘာတွေဖြစ်နေလဲ တချက်လောက်ဝင်ကြည့်ပေးစမ်းပါဟာ။

ကိုက်ထားတာသူ့လျှာမှန်းသိတော့မှ Tiffany က လွတ်ပေးလာ၏။
သို့ပေမယ့် အရင်ကနဲ့မတူတော့တဲ့သူ့အတွက် အေးစက်စက်မျက်ဝန်းစိမ်းများ။

"ဟင့်အင်း.. အဲ့လိုမကြည့်နဲ့ Tiffany..
ငါ့ကိုအဲ့လိုမကြည့်စမ်းပါနဲ့ Ah-Pa"

"ထွက်..သွား..Taeyeon"

ခပ်တိုးတိုးထွက်လာတဲ့အသံကသူ့ရင်ကိုနာကျင်စေပြန်တယ်။ မျက်နှာပြောင်တိုက်လက်စနဲ့အဆုံးထိ ဆက်တိုက်ပါရစေ။
နင့်နှုတ်ခမ်းတစ်ဝှိုက်ကသွေးတွေက ငါ့နှလုံးသားကိုအသေသတ်နေသလိုပဲ။

F O O LWhere stories live. Discover now