အပိုင်း ၅၁၉-၅၂၀

505 45 2
                                    

အပိုင်း ၅၁၉ဘာတုန်းဟ?


ဝူမိသားစုဟာ ဘေးဒုက္ခကနေ သီသီလေး လွတ်မြောက်သွားခဲ့ပြီး ကြောက်ကြောက်လန့်လန့်နှင့် အိမ်နောက်ခန်းထဲကနေ ထွက်လာကြသည်။ အစေခံတွေနဲ့ အကြီးတန်းအစေခံတွေက ကျန်းမိန်ယီနဲ့ သူမသမီးကို ဝန်းရံထားကြပြီး သူတို့အားလုံးရဲ့ မျက်နှာပေါ်၌ ထိတ်လန့်နေတဲ့ အမူအရာတွေ ရှိနေကြသေးသည်။ အထိန်းတော်စူးရဲ့ စကားတွေကို ကြားတဲ့အခါ ဝူမိသားစုတစ်ခုလုံး မယုံကြည်နိုင်စွာဖြင့် မျက်လုံးတွေ ပြူးကျယ်သွားကြသည်။ ဒါ...ဒါက သူ မင်းသားကိစ္စကို ဖုံးပေးနေတယ်ဆိုတဲ့ သဘောပဲ!

ဝူမိသားစုရဲ့ သခင်ကြီးဖြစ်သူ ဝူတင်းစန်းက အရိပ်အကဲ နားလည်တဲ့သူဖြစ်ပြီး အလျင်အမြန် သဘောတူလိုက်သည်။

"အမှန်ပဲ, အမှန်ပဲ! ကျွန်တော်တို့အိမ်က လူများလွန်းတော့ အိမ်တော်က အရမ်းသေးနေတာနဲ့ အဆောက်အဦးတချို့ ထပ်ချဲ့ချင်နေခဲ့တာ။ ကျွန်တော်တို့တွေ အထိန်းတော်စူးနဲ့... တော်ဝင်မင်းသားယန်ကိုပါ အသိပေးသလို ဖြစ်သွားခဲ့မယ်လို့ ထင်မထားဘူး။ တကယ်ကို မျက်နှာပူစရာပါပဲ!"

ကျန်းမိန်ယီက ဒီအခွင့်အရေးကို အသုံးချကာ ကျူးကျွင်းယန်ဆီကနေ လျော်ကြေးအဖြစ် ပိုက်ဆံတွေ ပိုတောင်းချင်သည်။ သူမအမျိုးသားက ထိုကဲ့သို့ ပြောလာတဲ့အခါ ရုတ်တရက် သူမက အထိတ်တလန့်နှင့်

"ယောက်ျား, ကျွန်မတို့မိသားစုမှာ အိမ်ပြန်ဆောက်ဖို့ ပိုက်ဆံ လုံလုံလောက်လောက်မှ မရှိတာ..."

"ပါးစပ်ပိတ်ထား!!"

ဝူတင်းစန်းက အံကြိတ်ပြီး ဟောက်လိုက်သည်။ သူ ဒီဉာဏ်မရှိတဲ့ မိန်းမကို တော်ဝင်မင်းသားယန်ရယ်၊ တော်ဝင်မင်းသားကျင်းအိမ်တော်တို့နဲ့ ဆက်ဆံရေးကောင်းရှိဖို့ လိုအပ်တယ်လို့ အကြိမ်ကြိမ်အခါခါ သတိပေးခဲ့သည်။ သူတို့တွေက သူမ, သွားပြီးထိပါးလို့ရတဲ့ လူတွေမဟုတ်ပေ။ သို့ပေမယ့် ဒီမိန်းမက သူ့စကားကို ဘယ်တော့မှ နားမထောင်။ ကြင်ယာတော်မင်းသမီးကျင်းဆီ အလည်သွားတိုင်း သူမက အမြဲတမ်း ခေါင်းကို ခပ်မြင့်မြင့် မော့ထားပြီး စကားပြောရင်လည်း အထက်စီးဆန်လှသည်။ သူမက သေးငယ်တဲ့ ပဉ္စမအဆင့်အရာရှိတစ်ယောက်ရဲ့ ဇနီးဖြစ်တယ်ဆိုတဲ့အချက်ကို ဘယ်တော့မှ မစဉ်းစားပေ။ ပထမအဆင့်ရှိ ကြင်ယာတော်မင်းသမီးတစ်ယောက်ရှေ့မှာ အလွန်အမင်း ဟန်ပန်များနေရအောင် သူမမှာ ဘာအရည်အချင်းတွေများ ရှိနေလို့လဲ? သူမက နဂို သန့်ရှင်းနေတဲ့ လက်ကို အညစ်အကြေးတွေ စွန်းထင်းသွားအောင် တကယ်လုပ်နိုင်တာပဲ! အဲ့အချိန်တုန်းက သူ ဒီလို ဂြိုလ်မွှေတတ်တဲ့ မိန်းမတစ်ယောက်ကို လက်ထပ်ခဲ့ရအောင် ဘယ်လိုတောင် ကန်းနေခဲ့တာပါလိမ့်?

သက်တန့်ရောင် မိန်းမပျို Book 3Where stories live. Discover now