ep 1 (Zawgyi)

2.6K 46 0
                                    


.................................

Alpha၊Omega၊Beta၊ ဆို၍
သီးခြားခွဲခြားထားသည့် ဒီကမ္ဘာမှာ
ဘိုးဘေးဘီဘင်ခေတ်များက
Omegaယောင်္ကျားလေးများ
ရှိခဲ့သည်။ အဲ့ဒီခေတ်တွေတုန်းက
Omegaယောင်္ကျားများကို Alphaများ
လေစားသမှုရှိကြသလို Betaများက
ရိုးသေးကြသည်။ ထိုခေတ်များက
Omega ယောင်္ကျားလေးကို တရားဝင်ပေါင်းသင်းကြ၍ ဇနီးအရာထားရှိကြသည်။

ဒီခေတ်မှာတော့ Omega
ယောင်္ကျားလေး နည်းပါးလာသည်က၊
မြန်မာနိုင်ငံမှာဆို သုံးပုံ ပုံ
တစ်ပုံလောက်သာရှိသည်။
အဲ့လို Omega ယောင်္ကျားလေး
နည်းပါးလာရသည်မှာ Betaမိန်းခလေး
များလာလို့ဆို၍ရှေ့ရိုးစွဲ လူကြီများမှ သုံးသပ်ထားကြသည်။
ဟိုးယခင်ခေတ်ကလို Omega
ယောင်္ကျားလေးများကို လေးစားမည့်သူ
ဤခေတ်မှာ မည်သူမျှမရှိတော့ချေ။
ယနေ့ခေတ် Alphaလူငယ်များက Omega
ယောင်္ကျားလေးဆိုတာနဲ့ ထိတွေ့ချင်ကြကာ၊ ရှားပါးမျိုးစိတ်တခုလို သက်မှတ်ပြီ
ပျော်းတော်ဆက်ချင်ကြသည်။

တချို့ လူတွေက Omega
ယောင်္ကျားလေးကိုဆို အားအနည်းဆုံးလူလို့ သက်မှတ်ပြီး အနိုင့်ကျင့်၊ လှောင်ပြောင်
ကြသည်။ ဒါကြောင့်
Omegaယောင်္ကျားလေးများသည်
ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း
နေရကြသည်။ မဟုတ်ရင် အမြင်မတူတဲ့
လူတချို့ရဲ့ အနိုင်ကျင့်
လှောင်ပြောင်ခြင်းများကိုခံရလိမ့်မည်။ချွတ်ယွင်းချက်တခုက(ပိုက်ဆံရှိသူ၊ပညာတက်သူ၊အာဏာကြီးသူတွေ
မပါပေ)။

Omega ယောင်္ကျားလေးကို ရထားတဲ့
မိဘများသည်လည်းကိုယ့်သားလေး
အရွယ်ရောက်လာသည့်အခါ သဘာဝ ဇီဝ
ဖြစ်ရပ်များအကြောင်း ရှင်းပြ၊ပြောပြကာ၊
ကြိုတင်သွန်းသင်ဆုံမထားရကြသည်။..........
အဲ့လို သွန်းသင်ပေးမည့်မိဘမျိုးကို
မိုးတိမ်ယံ အသက်15နှစ်အရွယ်မှာကတည်းက ဆုံးရှုံးခဲ့ရသည်။
Omegaမှန်း ကိုယ့်ကိုယ်ကိုယ်
စသိတုန်းက သိမ်းငယ်စိတ်ဝင်ခဲ့ရသလို၊
ညီမဖြစ်သူကပါ Omega
ယောင်္ကျားလေးကိုဆို အရမ်းရွံရှာသည်လို့
သက်မှတ်ထားခဲ့တော့
ထိတ်လန့်ကြောက်ရွံ့ခဲ့ရသည်။
ညီမလေး မုန်းတီးရွံရှာသွားမှာကို
သေမတက်ကြောက်၍ ကိုယ့်ကိုယ်ကို Betaတယောက်လို ဟန်ဆောင်ထားခဲ့ ရသည်မှာ ယနေ့ထိတိုင်းဖြစ်သည်။

I Hate YouWhere stories live. Discover now