ep 2 ( Zawgyi)

1.6K 31 0
                                    

.................................

နံနက်ခင်း အချိန်မှစလို့
ဒေါ်နန်သင်းဇာတယောက် မိတုတ်နှင့်အတူ
မီးဖိုချောင်ထဲ၌ အလုပ်စရှုပ်လေသည်။
အပြင်အလုပ်ဟူး၍ ဘာတခုမှ မရှိသည့်အလျောက် အိမ်တော်ထိန်းတယောက်လို အိမ်၏ ဝေယျာဝစ္စ အဝဝမှန်သမျှကို
ဒေါ်နန်သင်းဇာမှ စီမံ ဆောင်ရွက်ရသည်။
တူ,တူမအတွက် နံနက်စာကိုပင် ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ပေး
ရသည်မှာ ဟိုးးအစစ ကတည်းကပင် ဖြစ်သည်။

မိတုတ်ဆိုသည့် ကနဲမလးက
ကိုယ်မပါရင် တလွဲတချော် လုပ်တက်လွန်လို့ ဘယ်နေရာဖြစ်ဖြစ် ကိုယ်ပါမှ အဆင်ပြေ
လေတာ။ အခုလဲ ဈေးသွားမလို့ကို
အခုထိ သနပ်ခါးလူးလို့ မပြီးနိုင်သေး။

"မိတုတ်! ဒီနေ့ အဲ့သနပ်ခါးလူးလို့
ပြီးပါ့အုံးမလား။တကတဲမှပဲ
အိမ်အကူခေါ်ထားတာလား
မင်းသမီးခေါ်ထားတာလားတောင်
မသဲကွဲတော့ဘူး။ ဈေးကွဲသွားရင် နင်နဲ့ငါ တွေ့မယ်!!"

နံနက်စာပြင်ရင် ပွစိပွစိပြောနေသော
ဒေါ်နန်သင်းဇာ၏ ခပ်စွာစွာအသံသည်
နံနက်တိုင်း အိမ်ကြီးထဲ၌ ကြားနေရမြဲ
ဆူပူသံ ဖြစ်၏။ ရိုးရိုးရှင်းရှင်း
အပြင်အဆင်ဖြစ် ဆောက်လုပ်ထားသည့်
ဤအိမ်ကြီးထဲမှာ တူရီးသုံးယောက်နှင့်အတူ
အိမ်အကူ မိတုတ်အပါအဝင်
လူ လေးယောက်ခန့်လောက်‌သာ လက်ရှိ
နေထိုင်လျက်ရှိသည်။ လူလေးယောက်
ဆိုပေမဲ့ တိမ်ယံနှင့် တိမ်တိုက်က
အိမ်မှာသိပ်မရှိလိုပေ။ အိမ်ကြီးထဲမှာ
ပုံမှန်ရှိနေတာ ဒေါ်နန်သင်းဇာနှင့် မိတုတ်ဖြစ်သည်။ အဲ့နှစ်ယောက်ထဲရှိလည်း
အိမ်ကြီးထဲမှာ တနေ့တမျိုးမရိုးအောင်
ဒေါ်နန်သင်းဇာနှင့်မိတုတ်တို့၏
ပြဿနာပေါင်း သောင်းခြောက်ထောင်က
မိုးစင်စင်လင်းတာနဲ့ အစပျိုးလေ့ရှိသည်။

"ဟဲ့ မိတုတ် မပြီးသေးဘူးလား!။
အမြဲပြောတယ် စောစောထပါ
စောစောထပါလို့ အခုကြည့်၊ အခုမှ
ပြင်တုန်ဆင်တုန်။ငါ နင့်ကို ဘယ်လောက် ဆုံးမ,ဆုံးမ လုံးဝနားမဝင်ဘူး"

"အဲ့ဒါပဲကြည့်တော့ ကြီးမေ။
မိတုတ်တောင် ကြီးမေ စကား
နာမထောင်းတာ တိုက်ကျ ပိုဝေးပေါ့"

မထိတထိ ပြောရင်း နံနက်စာဝိုင်းထဲသို့
ဝင်ထိုင်လာတဲ့ တိုက် ကို ဒေါသထွက်နေဆဲ ဖြစ်တဲ့ ဒေါ်နန်သင်းဇာမှ ကော်ဖီ ငဲု့နေရင်း
မျက်စောင်းခဲလာသည်။

I Hate YouWhere stories live. Discover now