ep 6 (Unicode)

4.2K 229 26
                                    

A/N  ...........ep 6မှာ ဇာတ်ကြောင်းပြန်ထားပါတယ်။ ဇာတ်ကြောင်းကို လိုရင်လောက်သာ တိုတိုတုတ်တုတ်နဲ့ပြန်ထားတာမို့
နားမလည်တာရှိရင် သာသာဆီ
လာမေးလို့ရပါတယ်။

...............................

တီးတီးတီးးး

အချိန်အားဖြင့် မနက်9နာရီရှိပြီဖြစ်လို့
တိုက်ကပ်နာရီမှ အချိန်မှန်မှန်
အသံမြည်နေသည်။
မှန်ပြတင်းပေါက်မှတဆင့်ဝင်ရောက်လာတဲ့
နေအလင်းရောင်စူးစူးဟာ ကုတင်ပေါ်မှာကိုယ်လုံးတီးအိပ်စက်နေသော
တိမ်ယံ မျက်နှာပေါ်သို့
တည့်တည့်ကျရောက်လာ၏။
စူးရှလွန်တဲ့ နေအလင်းရောင်ကြောင့်
အိမ်စက်နေသောတိမ်ယံ
မျက်နှာလေးမှာ တချက်တချက်
တွန့်ချိုးသွားသည်။

"အင့် ဟင့်"

မို့အစ်နေတဲ့မျက်လုံးနှစ်ဖက်ကို
လက်နှစ်ဖက်နဲ့ ကြမ်းတမ်းစွာပွတ်သပ်ရင်း
မျက်လုံးအား အသာဖွင့်လာသည်။
မျက်လုံးတဖက်သာအရင်ဖွင့်ပြီးမှ
ကျန်မျက်လုံးတဖက်ကို
ဖြေးဖြေးချင်းဖွင့်ကြည့်သည်။
မျက်လုံးနှစ်ဖက်ပွင့်သည်နဲ့
စူးရှတဲ့နေအလင်ရောင်က
မျက်လုံးရှေ့တည့်တည့်သို့
စူးကနဲဝင်ရောင်လာသည်။

"အစ်!"

မျက်နှာပေါ်ကျရောက်နေသော
နေအလင်းရောင်ကို တိမ်ယံ
လက်ဖဝါးတဖက်နဲ့ ကားထားလိုက်ပြီး
ဘေးဘီသို့ လှည့်ကြည့်ကြည့်သည်။
အရှေ့က အဖြူရောင်နံရံမှာ
ဓာတ်ပုံတချို့ချိတ်ဆွဲထားတာတွေ့ရသည်။
ဒါပေမဲ့ ဓာတ်ပုံများကို မှုန်ဝါးဝါးသာ
မြင်နေရ၏။မှုန်ဝါးနေဆဲ
မျက်လုံးနှစ်ဖက်ကို လက်နှင့် ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်ပြီး အရှေ့ကနံရံကို
ထပ်မံ ကြည့်ကြည့်သည်။

"ဟမ်း ဒါ ခေတ်ဟောင်းဓာတ်ပုံတွေလား!!"

တိမ်ယံ ထိတ်လန့်စိတ်နှင့်အတူ
ကုတင်ပေါ်ကနေ ငေါက်ခနဲထလိုက်မိသည်။

"အ့!! အားလာလာ!! ကျွတ်ကျွတ်!!"

အောက်ပိုင်းမှ နာကျင်မှုက
အသင့်စောင့်ကြိုနေသလို တိမ်ယံမှာ
ခေါင်းပင်ထူပူသွားသည်။
မျက်လုံးထဲမှာလည်း
ဖြူနီပြာရောင်စုံလည်နေသည်။
အောက်အပေါက်ဝနဲ့အတွင်းနံရံများကို
စုတ်ပြဲထားသည့်အတိုင်း ခံစားချက်က
ပြောမပြတက်အောင်ကို နာကျင်နေသည်။
တိမ်ယံ မျက်ရည်များကိုထိန်းရင်း
နာကျင်မှု သက်သာစေရန်
ခါးအား နှိပ်နယ်ကာ ကုတင်ပေါ်မှ
ဖြေညင်းစွာနဲ့ အသာလှမ်းဆင်းလာသည်။

I Hate YouWhere stories live. Discover now