ep 4 (Unicode)

3.5K 160 9
                                    


............................

Beauty productsထုတ်လုပ်သည့်
WIGကုမ္ပဏီမှ ဝန်းထမ်းများသည်
ဒီနေ့တွင်တော့ ပုံမှန်ထက်
အလုပ်ရှုပ်နေကြ၏။CEOကုမ္ပဏီမလာတဲ့
နှစ်ရက်အတွင်းမှာ လွပ်လပ်စွာအချောင်ခို
ခဲ့ကြသူများသည် ဒီနေ့မှာတော့
ထမင်းမေ့၊ ဟင်းမေ့သည့်ထိ
အလုပ်ကြိုးစားနေကြသည်။
အလုပ်ကိုယ်စီ လုပ်ကိုင်နေကြတဲ့
ဝန်ထမ်းများကြား အပ်ကျသံမျှ
မထွက်သည့်ထိ တိတ်ဆိတ်လျက်ရှိ၏။
အပြင်လူတယောက်သာ
ကုမ္ပဏီထဲဝင်လာခဲ့ရင် ကုမ္ပဏီအတွင်း
လူမရှိဘူးလို့တောင် ထင်သွားလောက်မည်။
အဲ့လောက်ထိ တိတ်ဆိတ်နေတာ။

"ကဲကဲ အားလုံးပဲ
လုပ်လက်စအလုပ်တွေကို ခနချထားကြ။
အရေးတကြီးပြောစရာရှိတယ်"

Staff leader ၏ ကျယ်လောင်သော
အသံက တိတ်ဆိတ်နေတဲ့
ပတ်ဝန်းကျင်တခုလုံးကို
ဖြိုခွင်းသွားသည်။ ကွန်ပျူတာနှင့် စာရွက်စာတမ်းများကြား
ခေါင်းစိုက်နေကြတဲ့ ဝန်ထမ်းများဟာ
leaderကြီး အသံကြားသည်နဲ့
စိတ်ဝင်တစား ခေါင်းထောင်လာကြသည်။ တချို့က လစာထုတ်ရက်ရောက်တော့မှာမို့ လစာတိုးပေးဖို့လာဆိုတဲ့စိတ်နဲ့
ပျော်ရွှင်နေကြသလို၊တချို့ကျ
အချောင်ခိုထားခဲ့တာတွေကို
CEOသိသွားသလားဆိုတဲ့စိတ်နဲ့
ထိတ်လန့်နေကြသည်။

အတွေးကိုယ်စီဖြင့် စိုက်ကြည့်နေသော
ဝန်ထမ်းများအားလုံးကို leaderကြီးမှ
ဝေ့ဝဲကြည့်လာ၏။

"ဒီနေ့ ဝန်ထမ်းအားလုံးကို
လစာထုတ်ပေးမယ်"

"ဟမ်း!! လစာထုတ်ရက်က
နောက်နှစ်ရက်ကျန်သေးတယ်မလား"

"နှစ်ရက်ကြိုထုတ်ပေးတာနေမှာပေါ့။
ပျော်လိုက်တာ ဖုန်းပေါင်ထားတာရွေးလို့ရပြီ။
ဟီးဟီးး"

"ငါ့အမေဆေးဖိုးအတွက်
ပိုက်ဆံကြိုရမယ်ဆိုတော့
အရမ်းအဆင်ပြေတာပဲ"

"ငါကမပြေဘူး။ အကြွေးဆပ်ရမယ်၊ အကြွေးဆပ်ပြီးရင် နောက်တလအထိ
ငက်ရအုံးမယ် ဟွန်း"

"ငက်မှာပေါ့ အဝတ်အစားတွေကြီး
ဝယ်စုနေတာကိုး။ ဝယ်ဖို့မလောက်ရင်
ပိုက်ဆံချီး(ချေး)။ပိုက်ဆံချီး(ချေး)ပြီးရင်
အကြွေးဆပ်။ အကြွေးဆပ်ပြီးရင်ငက်။
အဲ့တာ နင့်ရဲ့ပုံမှန်လစဥ်စရင်းပဲလေ"

I Hate YouWhere stories live. Discover now