ep 5(Unicode)🔞

6K 273 27
                                    

A/N............18+Writing ပါသည့်partမို့
အသက်ပြည့်သူတွေသာ
ဖတ်ကြဖို့ သတိပေးပါရစေ။

......................

အချိန်အားဖြင့်ည11နာနီခွဲလောက်
ရှိပြီဖြစ်သည်။ အိပ်ခန်းထဲမှ
မှန်ပြတင်းပေါက်များအားလုံးကို
ဖွင့်လှစ်ထား၍ အခန်းအတွင်းထဲသို့
လေတဖြူးဖြူးတိုးဝေ့လျက်ရှိ၏။
သဘာဝလေအေးများနှင့်
ပြည့်နှက်နေတဲ့အခန်းထဲက
နူးညံ့အိစက်သောအိပ်ယာပေါ်တွင်
တိမ်ယံတယောက် နှစ်နှစ်ခြိုက်ခြိုက်
အိပ်မောချနေသည်။ စိတ်ညစ်စရာများကို
ဦးနှောက်ထဲမှ ခနဘေးဖယ်ထုတ်ထားရင်း
ပင်ပန်းနွမ်းလျနေသော ခန္ဓာကိုယ်လေးကို
အေးချမ်းစွာအနားယူလေသည်။

🎶ကိုကို ဖုန်းလာနေတယ် ......
🎶ကိုကိုရေ ဖုန်းလာနေတယ်နော်.....
🎶ကိုကို ဖုန်းလာနေတယ်လေ......
🎶ကိုကို ဖုန်းလာနေတယ်ဆို တောက်!!
🎶မုန်းချင်စရာကြီး ခေါ်မကြားအော်မကြား...

ကုတင်ဘေး စားပွဲခုံပေါ်မှ
ဖုန်းသံမြည်းနေသော်လည်း
တည်ငြိမ်အေးချမ်းစွာအိပ်စက်နေသော
တိမ်ယံကိုယ်လေးမှာတုတ်တုတ်မျှမလှုပ်။

ဖုန်းနောက်ထပ်တကြိမ်ဝင်လာပြန်တော့......

🎶ကိုကို ဖုန်းလာနေတယ်.......
🎶ကိုကိုရေ ဖုန်းလာနေတယ်နော်.......
🎶ကိုကို ဖုန်းလာနေတယ်လေ.......

"အင့်!"

ဖုန်းထဲမှမီးအလင်းရောင်နှင့် ကျယ်လောင်သောဖုန်းRingtoneသံကြောင့် အိပ်ယာပေါ်က တိမ်ယံကိုယ်လေးမှာ
လှုပ်စိလှုပ်စိဖြစ်လာသည်။ မှေးစင်နေတဲ့
မျက်လုံးနှစ်ဖက်ကို လက်နှစ်ဖက်နှင့်
အသာပွတ်သပ်ပြီး အသံမြည်နေသော
စားပွဲခုံးပေါ်ကဖုန်းကို
လိုက်လံစမ်းယူလိုက်သည်။

🎶ကိုကို ဖုန်းလာနေတယ်......
🎶ကိုကိုရေ ဖုန်းလာနေတယ်နော်......
🎶ကိုကို တီး!

ဖုန်း screenမှာပေါ်နေသော
အဝင်ကောနံပက်ကို တိမ်ယံ
မျက်မှန်အကြည်တပ်ကာ
သေချာ ကြည့်ကြည့်သည်။
တခါမှဖုန်းပြောဆိုခြင်းမရှိတဲ့
စိမ်းသက်တဲ့ဖုန်းနံပက်ဖြစ်နေတော့
ဖုန်းချပလိုက်သည်။
သူစိမ်းဖုန်းနံပက်ဆို တိမ်ယံ
ကိုင်မှမဟုတ်။ အခုလိုအချိန်မှာ
ဆက်တဲ့ဖုန်းဖြစ်တော့ ပိုဆိုးသည်။

I Hate YouWhere stories live. Discover now