MDEB-1

393 50 16
                                    


ဆိုးလ်မြို့ရဲ့မြို့လယ်ခေါင်နားကConvenience store လေးတစ်ခုတွင် ပုံမှန်နေ့တွေထက် လူအဝင်အထွက်များနေသည်။အကြောင်းကတော့နာမည်ကြီးသရုပ်ဆောင်တစ်ယောက် လတ်တလောထွက်ရှိမည့်ဇာတ်လမ်းတွဲအတွက် ထိုဆိုင်လေးတွင်လာရောက်ရိုက်ကူးရေးလုပ်နေသောကြောင့်ဖြစ်သည်။

နဂိုထဲကဆိုင်ခွဲများစွာရှိသောstoreဖြစ်၍နာမည်ရသည်ကတစ်ကြောင်း၊ယခုလိုသရုပ်ဆောင်များကပါ ဇာတ်လမ်းတွဲများအတွက်ဆက်တိုက်လာရောက်ရိုက်ကူးနေ၍ ဆိုင်ရဲ့ဝင်ငွေဟာ ယခင်များစွာထက်ပိုပြီးများပြားလာသည်ဟုဆိုရမည်။သို့သော်ဝင်ငွေတစ်ခုထဲများပြားလာခြင်းမဟုတ်။ဆိုင်ရှိအချိန်ပိုင်းဝန်ထမ်းများ၏အလုပ်တာဝန်များလည်းပိုများပြားလာသည်ဟုပြောရင်ပိုမှန်မည်။ပိုင်ရှင်အတွက်တော့ ဤအရာဟာပျော်ရွှင်ဖွယ်ဖြစ်သော်လည်းနေ့စဉ်ရက်ဆက်အလုပ်လုပ်နေရသောအချိန်ပိုင်းဝန်ထမ်းများအတွက်တော့မပျော်ရွှင်ဖွယ်ရာပင်။

ဤကဲ့သို့မပျော်ရွှင်ရသောလူတွေထဲ Jiminထိပ်ဆုံးကပါဝင်ပါသည်။အချိန်ပိုင်းအလုပ်၃ခုလောက်မျှလုပ်နေ‌ရသောသူ့အတွက် ကျန်အလုပ်၂ခုကပင်ပန်း၍ ညပိုင်းလုပ်ရသောဆိုင်ထိုင်သည့်အလုပ်လေးတွင်တော့အနည်းငယ်သက်သာရာ ရမည်ဟုတွေးမိသော်လည်းအတွေးနှင့်လက်တွေ့ဟာတခြားစီပင်။
နာမည်ကြီးstoreတစ်ခုဖြစ်၍နဂိုထဲကလူများသည်ကိုသိသော်လည်း အခုလိုရိုက်ကူးရေးရှိချိန်၌ ပို၍ပင်လူများကာ ပင်ပန်းလွန်းလှသည်။မနက်ကနေ ညနေအထိကော်ဖီဆိုင်တစ်ခုစီ၌အချိန်ပိုင်းအလုပ်လုပ်ပြီး ည၉နာရီနောက်ပိုင်းဆိုဒီဆိုင်လေး၌ထိုင်ရ၍ အိပ်ချိန်ဆိုတာJiminအတွက်သိပ်မရှိလှပါ။သို့သော်လည်းထိုအရာတွေကိုသူမမှု။မေမေ့ရဲ့အခုထိမကျေသေးတဲ့အကြွေးတွေအတွက်သူရုန်းကန်ရအုံးမည်။သူ့မှာပင်ပန်းသည်ဟုညီးညူခွင့်မရှိပါ။

အမှန်တိုင်း‌ပြောရလျှင်သူ့လိုအထည်ကြီးပျက်တစ်ယောက်အတွက် ဒီလိုအရာတွေဟာစစချင်းအလွန်ခက်ခဲ ခဲ့ပါတယ်။ငယ်ရွယ်စဉ်ထဲကမိဘလုပ်စားထိုင်စားပြီးအပြုံးမပျက်နေလာနိုင်တဲ့သူ့ဘဝဟာ ထောက်တိုင်ဖြစ်တဲ့သူ့မေမေလူ့လောကကြီးကထွက်သွားချိန်ကစပြီး စတင်ဘဝပျက်ခဲ့ရသည်။အချစ်ရေး၊လူမူရေး၊စီးပွားရေး စသည့်ဖြင့်အမျိုးမျိုးပေါ့။

𝐦𝐲 𝐝𝐞𝐚𝐫𝐞𝐬𝐭 𝐞𝐱-𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝Where stories live. Discover now