MDEB-2

382 50 13
                                    

လွန်ခဲ့သော၃နှစ်ခန့်...

ဂယောင်းဟီအထက်တန်းကျောင်းဟုရေးထားသည့်ကျောင်းကြီး၏ရှေ့တည့်တည့်၌ကားလေးတစ်စီးဟာထိုးရပ်သွားသည်။ပြီးသည်နှင့်ထိုကားပေါ်က‌ကောင်ငယ်လေးတစ်ယောက်၏ခြေထောက်တစ်စုံဟာအပြင်သို့ချနင်းလာပြီးကားအရှေ့ခန်းကအမျိုးသမီးကြီး မှာကြားသောစကားများအားခေါင်းတစ်ဆတ်ဆတ်ငြိမ့်ကာ လက်ခံနားထောင်နေလေသည်။နဖူးတစ်ဝိုက်ကျနေသောဆံနွယ်အနက်လေးများနှင့်ကြယ်တွေလိုတောက်ပသောမျက်ဝန်းလေးများကိုပိုင်ဆိုင်ထားသည့်ထိုကျောင်းသား၏ရုပ်ရည်မှာလူချောလေးဆိုတာ ငြင်းလို့မရသည့်အနေအထားဖြစ်သည်။

"ညနေကျရင် မာမီလာကြိုမယ်နော်သား...ကျောင်းကမတည့်တဲ့အစာတွေလည်းလျောက်စားမနေနဲ့၊မာမီအိမ်ကလုပ်ပေးလိုက်တဲ့ဟာတွေပဲစား...ပြီးတော့စာကိုပဲအာရုံစိုက်နော်..."

"ဟုတ်ကဲ့မာမီ"

ခရားရေလွှတ်ဆက်တိုက်ပြောနေသောမာမီ့စကားများအားJungkookခေါင်းတစ်ဆတ်ဆတ်ငြိမ့်၍သာနားလည်‌ကြောင်းပြ၍ အမြန်စကားစဖြတ်ကာ ကျောင်းဝန်းထဲသို့ကျောပိုးအိတ်လေးလွယ်ကာဝင်လာခဲ့သည်။

အထက်တန်းတောင်ရောက်နေပြီဖြစ်သောJungkookအား မာမီကအခုထိကလေးသေး သေးလေးလိုအစိုးရိမ်လွန်ကဲနေတုန်းဖြစ်သည်။
မာမီ့၏ထိုကဲ့သို့အစိုးရိမ်လွန်သောပုံစံများအားငယ်ငယ်ထဲကကြုံဖူးနေကျဖြစ်၍Jungkookအတွက်သိပ်ပြီးထူးဆန်းမနေတော့ပါ။သို့‌သော်ကိုယ်တိုင်အတွက်မထူးဆန်းသော်ငြားလည်း တခြားသူတွေ၏အမြင်မှာတော့ Jungkookဟာ မာမားဘွိုင်းလေးဟုပြောဆိုလာခြင်းကိုခံနေရလေသည်။

ထိုသူတွေပြောလဲပြောချင်စရာပင်။မာမီကတစ်ဦးတည်းသောသားဖြစ်သည့်သူ့အပေါ်တွင် လိုအပ်တာထက်ပိုကဲကာဂရုတစိုက်ရှိလွန်းလှသည်။မာမီဘက်ကကြည့်ရင်လည်း ‌မိခင်တစ်ယောက်၏ချစ်ခြင်းမေတ္တာကိုမြင်သာစေပြီး ပတ်ဝန်းကျင်ဘက်ကကြည့်ရင်လည်းအကဲပိုလွန်းလှသည်ဟုထင်မြင်စေလေသည်။မာမီက အသက်ကြီးမှJungkookကိုယ်ဝန်ကိုလွယ်ရခြင်းဖြစ်၍Jungkookအပေါ်ယခုလိုသဲကဲလွန်းရခြင်းဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Mar 24 ⏰

Add this story to your Library to get notified about new parts!

𝐦𝐲 𝐝𝐞𝐚𝐫𝐞𝐬𝐭 𝐞𝐱-𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝Where stories live. Discover now