အခန်း ၇

470 68 4
                                    

~Unicode~

ယမန်နေ့တုန်းက တိမ်မည်းတို့ဖုံးအုပ်နေသည့် ကောင်းကင်ပြင်မှာ မိုးရွာမလာခဲ့ပါပဲ ယနေ့မနက်တွင် ကြည်လင်တောက်ပနေသည် ။ လျန်ချန်က နိုးလာခဲ့၍ ကိုယ်လက်သန့်စင်ပြီးနောက်တွင် အောက်ထပ်သို့ဆင်းကာ ရေအေးအေးလေးအနည်းငယ် သောက်ရန်အတွက် မီးဖိုခန်းထဲသို့ ဝင်လာခဲ့သည် ။

ချောင်ယွမ့်လင်က မနက်စာစားနေခဲ့ကာ သူ၏ဘေးဖက်တွင် ဇီဝဗေဒစာရွက်အား ချထားပြီးနောက် မနက်ခင်း၌ တက်ကြွနိုးကြားနေတတ်သည့် စိတ်အာရုံအား အကောင်းဆုံးအသုံးချကာ ပြန်လှန်လေ့ကျင့်ခန်း လုပ်နေခဲ့သည် ။

" ရှောင်လျန်.. နိုးလာပြီလား ?" ဝမ်ရွေ့ကျီးက ပန်းကန်ပြားအလွတ်တစ်ချပ်အား ယူရင်းပြောလာသည် ။ " ဒီနေ့ အသီးအရွက်ခေါက်ဆွဲကြော် နည်းနည်းလုပ်ထားတယ်... ထိုင်ပြီး တူတူစားသွားလေ "

လျန်ချန်က " ကျေးဇူးပါ " ဟု ပြောလိုက်ပြီး‌နောက် ချောင်ယွမ့်လင်၏ မျက်နှာချင်းဆိုင်ရှိ ခုံအလွတ်၌ ဝင်ထိုင်လိုက်သည် ။ စာရွက်အား တစ်ချက်လှမ်းကြည့်လိုက်ချိန်တွင် ယမန်နေ့ကမေးခွန်း၏ အဖြေနေရာ ကွင်းစကွင်းပိတ်အတွင်း၌ 'စီ' ဟု ရေးသားထားကြောင်း တွေ့လိုက်ရသည် ။

‌ချောင်ယွမ့်လင်က သူ၏ဘောပင်အား လှည့်နေရင်းနှင့် မျက်လုံးများမှတစ်ဆင့် 'ကျွန်တော် ခင်ဗျားကို မယုံဘူး' ဆိုသည့်စကားအား သိသိသာသာ ဖော်ပြနေလျက်သား ။

လျန်ချန်၏ မျက်နှာအစိတ်အပိုင်းတို့က နည်းနည်းလေးမျှပင် ပြောင်းလဲမသွားပါပဲ သူ၏အကြည့်အား ပြန်ရုတ်သိမ်းသွားခဲ့လေသည် ။ ခေါက်ဆွဲကြော်ပန်းကန်ပြားလေးက လက်ဖဝါးတစ်ဖက်စာမျှသာ ရှိလေရာ အလျင်အမြန်ပဲ ကုန်သွားခဲ့ပြီးနောက် ပန်းကန်အား ဆေးပြီးချိန်တွင် ထွက်လာခဲ့လေသည် ။

ဝမ်ရွေ့ကျီးက ချောင်ယွမ့်လင်၏ ဖတ်စာအုပ်အား လှမ်းယူလိုက်ရင်း ပြောလာ၏ ။ " စာဖတ်နေတာရပ်ပြီး အစားစားတာကိုပဲ အာရုံစိုက်လေ "

ချောင်ယွမ့်လင်က ခါကျက်ဥနှင့် ဂေါ်ဖီထုပ်အမျှင်လေးများအား ‌ရွေးဖယ်လိုက်ပြီးနောက် ပြောသည် ။ " အရသာရှိတယ်... အသားအမျှင်လေးတွေနဲ့ဆို ပိုပြီးတောင် အရသာရှိဦးမှာ "

နှလုံးသား၏စေစားရာ║မြန်မာပြန်Where stories live. Discover now