အခန်း ၉

525 57 5
                                    

~Unicode~

လျန်ချန်က ဆိုင်ကယ်အား ရိုးရာအင်္ကျီဆိုင်ထိ ပြန်တွန်းလာခဲ့ကာ ဂရုတစိုက် သော့ခတ်လိုက်ပြီးနောက် အတွင်းဖက်ရှိ လှိမ့်တင်ရသော တံခါးအား မတင်လိုက်သည် ။ ထို့နောက် တံခါးအားပြန်ပိတ်ကာ လှေကားမှတစ်ဆင့် အပေါ်သို့ တက်လာခဲ့လေသည် ။

သူ့အားမြင်လိုက်ရလေရာ ဝမ်ရွေ့ကျီးက ပြုံး၍ ပြောလာသည် ။ " ငါ့ကို လန့်အောင်လုပ်လိုက်တာပဲ... ပြန်လာပြီပေါ့ "

အဖွားအိုက နူးညံံ့သင်းပျံ့သော ပါးလျလျချည်စဖြင့် ချုပ်လုပ်ထားသည့် ရိုးရာအင်္ကျီတစ်ထည်အား ဝတ်ဆင်ထားပြီး လျန်ချန်၏ အဝတ်အစားများမှာမူ ယမန်နေ့ညတုန်းက မိုးနံ့တို့ စွဲထင်နေသေးလျက် စိုတစ်ဝက်ခြောက်တစ်ဝက် ဖြစ်နေသေးပေသည် ။

ဤကဲ့သို့သော အဖွားမျိုးက ချောင်ယွမ့်လင်ကဲ့သို့ မြေးမျိုးဖြင့်သာ လိုက်ဖက်သည်ပင် ။ သူတို့က အဆောက်အဦးတစ်ခုတည်းတွင် အတူနေထိုင်နေကြပါသော်ငြား မတူညီသော ကမ္ဘာနှစ်ခုထံမှနှယ် ။ လူတိုင်းလူတိုင်းထံ၌ မတူညီသော ရှေ့ဆက်လျှောက်ရာ လမ်းကြောင်းများရှိနေပါကြောင်း ဘုရားရှင်က ကြိုတင်စီစဉ်ပေးထားပြီးသား ဖြစ်နိုင်ပါ၏ ။

လျန်ချန်မှာ မိမိက ထိုကဲ့သို့သောကိစ္စရပ်များအား ဘာကြောင့်တွေးတောနေမိမှန်း နားမလည်နိုင်ဖြစ်သွားရလေသည် ။ ကြည့်ရသည်မှာ ဖက်ထုပ်များ အများကြီး စားခဲ့မိခြင်းကြောင့် ဖြစ်လောက်မည်ပင် ။

ဝမ်ရွေ့ကျီးအားဖြတ်ကာ အိမ်ထဲသို့ လျှောက်ဝင်လာခဲ့ချိန်၌ ကြမ်းပြင်ထက်တွင် အနက်ရောင်ခြေရာများ ချန်လှပ်ထားခဲ့ရင်း ပြောလာသည် ။ " ကျွန်တော်ခနနေ သန့်ရှင်းရေးလုပ်လိုက်ပါ့မယ် "

" အဆင်ပြေပါတယ်... ကိစ္စမရှိဘူး " ဝမ်ရွေ့ကျီးက သူ့နောက်မှလိုက်လာရင်း ပြောသည် ။ " ဒီနေ့ ယွမ့်လင်အတွက် မနက်စာပြင်ပေးစရာလည်း မလိုတော့ အားနေတာနဲ့ ခနနေကျရင် ဆိုင်ကို သန့်ရှင်းရေးလုပ်လိုက်မလို့လေ "

လျန်ချန်က ဖိနပ်အပါးလဲလိုက်ပြီးနောက် သူ၏ရှူးဖိနပ်နှင့် အောက်ခံပြားတို့အား ကောက်ယူလိုက်ကာ ဘေစင်ထဲ၌ အရင်ရေစိမ်ထားလိုက်ရန် ကြံရွယ်လိုက်သည် ။ ထို့နောက် သမ်းဝေလိုက်ကာ‌ ပြောလာသည် ။ " မျက်နှာကျက်က ပန်ကာနဲ့ မီီးသီးတွေက အရမ်းမြင့်လွန်းတယ်... အဲ့တာတွေကို ကျွန်တော် သန့်ရှင်းရေးလုပ်လိုက်မယ် "

You've reached the end of published parts.

⏰ Last updated: Apr 04 ⏰

Add this story to your Library to get notified about new parts!

နှလုံးသား၏စေစားရာ║မြန်မာပြန်Where stories live. Discover now