အခန်း ( ၁၇ )တတိယသားက အလွန်အမင်း ခေါင်းခဲလာကာ သူ့ နဖူးသူ ပွတ်သပ်၍ “အမေ၊ မပြောပါနဲ့တော့”
ချန်ချီက ပြောလိုက်သည်။ “မင်း ဘာလို့ သူ့အတွက် ပြောပေးနေလဲ ငါဖြင့် နားကို မလည်တော့ဘူး၊ ငါပြောတာတွေက မဟုတ်လို့လား”
အဲ့ဒီနောက်မှာပဲ နျိုက အခန်းထဲမှ အလျင်စလို ထွက်လာသည်။ ဖရိုဖရဲပုံစံနှင့် မီးဖိုခန်းထဲသို့ အမြန် ဝင်လာ၍ ချန်ကို လက်ညှိုးထိုးကာ အော်လိုက်သည်။ “အမေ၊ စော်ကားတာ အရမ်းများနေပြီ၊ အမေ ကျွန်မကို သဘော မကျရင်တောင် ကျွန်မ မိဘတွေ ဒီလို ဖြစ်နေတာကို ကျေနပ်နေရအောင် အမေက လူမဟုတ်ဘူးလား”
“မိန်းမ၊ မပြောနဲ့တော့” တတိယသားက သူ့ဇနီး အခန်းထဲမှ အလျင်စလို ထွက်လာကတည်းက မကောင်းတော့မှန်း သိပြီး သူမကို အခန်းထဲ ပြန်ခေါ်သွားချင်ခဲ့သည်။
ချန်က အဝင်ပေါက်ကို ပိတ်ရပ်ပြီး နျိုကို လက်ညှိုးထိုးကာ ဆဲရေးတော့သည်။ “မင်း ဝက်ခြေထောက်လေး၊ ဘာတွေကို ပြောနေတာလဲ၊ မင်းမှာ အရည်ချင်း ရှိရင် တစ်ခါလောက် စမ်းကြည့်လိုက်စမ်း၊ ယုံချင်ယုံ မယုံချင်နေ ငါ မိန်းမအိုကြီးက ရှောင်ထုန်ကို ကွာရှင်းခိုင်းလိုက်မယ်”
နျိုက မျက်လုံးတွေ နီရဲလာပြီး “ယုတ်မာတဲ့ မိန်းမကြီး၊ တကယ်ကို ယုတ်မာတယ်”
နှစ်ယောက်သားက ထသတ်မတတ် ဖြစ်လာပြီး တတိယသားလည်း သူတို့ကို မတားနိုင်တော့ပေ။ အဖေယန်၊ ယန်ဒုတိယသားနှင့် ရှောင်အန်းတို့က ထို အသံတွေကို ကြားပြီး အမြန် ထွက်လာကြသည်။ အမြန် ရောက်လာကြပြီး အခြေနေကို အမြန် ထိန်းလိုက်ကြသည်။ ရှန်နှင့် ရွှီချောင်က ထိုသူတို့ကို မြင်၍ သူတို့(ချန်၊ နျို)ကို ဖျောင်းဖျပေးလိုက်ကြသည်။
လူအများကြီး ရောက်လာသောအခါ ချန်က ခြေဆောင့်၍ အော်ဟစ်ကာ ငိုယိုတော့သည်။ “ငါ ဒီမိန်းမအိုကြီးက ကံမကောင်းရှာပါဘူး၊ ငါ့သားက သားသမီး ဝတ္တရား မကျေပွန်ဘူး၊ ကျားသစ်လို မိန်းမကို လက်ထပ်ပြီး ငါ့ကို အနိုင်ကျင့်တယ်၊ အခု သူက ငါ့ကို ရိုက်ချင်နေသေးတယ်၊ တစ်အိမ်လုံးက လူတွေက သူ့(နျို) ကို ကူညီနေကြတယ်၊ ဒီ မိန်းမအိုကြီး အသက် မရှင်ချင်တော့ဘူး”