Chapter 40

2.4K 205 1
                                    

အခန်း ( ၄၀ )

ဒုတိယနေ့တွင် ရွှီချောင်က ဆေးကြော သိမ်းဆည်းခဲ့ပြီး ရွှီလောင်နျန်ကို ခေါ်ကာ မြို့သို့ ထွက်ခဲ့သည်။ မြောင်မြောင်ကို ရွှီအိမ်သို့ ပို့ခဲ့သည်။ အာ့ယာနှင့် စန်းယာက သူမလေးကို ကြည့်ပေးထားကြသည်။ ရွှီချောင်က အာလူး ၁၀ ကီလိုဂရမ်ကို ခြင်းထဲထည့်၍ ယူလာခဲ့သည်။

လီနှင့် သူမတို့ မြို့ရောက်သော် သူမက လဲ့ဖုန်း စားသောက်ဆိုင်ကို ရှာရန် ဆုံးဖြတ်လိုက်သည်။ အနည်းဆုံးတော့ သူမတွင် သူတို့နှင့် ပူးပေါင်းဖူးသည့် အတွေ့အကြုံ ရှိသည်လေ။ 

လီကို ဆွဲခေါ်၍ လဲ့ဖုန်းဆီ ဝင်ခဲ့ကြသည်။ ရှောင်အာ့က အလျင်စလို ရောက်လာပြီး "မိန်းကလေး၊ အမကြီး၊ ညစာ လာစားတာလား ခင်ဗျ"

ရွှီချောင်က ရယ်၍ "ကျွန်မက မင်းတို့ ဆိုင်ရှင်ကို တွေ့ဖို့ လာခဲ့တာ၊ သူဒီမှာ ရှိလားလို့ မေးလို့ ရမလား"

ရွှီချောင်က မေးခဲ့သည်။ ရှောင်အာ့က သူမ ရောက်ရှိလာခြင်း အကြောင်းအရင်းကို စဉ်းစားနေကာ အလျင်အမြန် ပြုံး၍ ပြောလာသည်။ "မိန်းကလေးကိုး၊ ဆိုင်ရှင် ရှိပါတယ်၊ ခဏ စောင့်ပါဗျ၊ ကျွန်တော် ဆိုင်ရှင်ကို သွားခေါ်ပေးမယ်"

ရှောင်အာ့က ဆိုင်ရှင်ကို မြန်မြန် ခေါ်လာခဲ့သည်။ ဆိုင်ရှင်မှာ အရင်လူပဲ ဖြစ်သည်။ ဆိုင်ရှင်က ရွှီချောင်ကို မြင်လျှင် အံ့ဩသွားသည်။ "မိန်းကလေး၊ ဒီတစ်ခါရော ဒီလူအိုကြီးကို ဘာကြောင့် လာရှာတာလဲ"

"ဆိုင်ရှင်၊ ကျွန်မ ရှင့်အတွက် တစ်ခုခု တစ်ခုခု ယူလာခဲ့တယ်၊ ရှင် တစ်ချက်လောက် ကြည့်ချင်လား"

"စားစရာလား"

ရွှီချောင်က ပြုံးနေသည်။ ဆိုင်ရှင်က တုံ့ဆိုင်းနေပြီး နောက်တော့ ခေါင်းညိတ် သဘောတူလိုက်သည်။ ပြီးခဲ့သည့် အခေါက် မိန်းကလေးဆီမှ မွှေးရနံ့ ၁၃ မျိုး လျှို့ဝှက်အညွှန်းနှင့် ဝက်အူချောင်း လုပ်နည်းတို့ကို ဝယ်ယူပြီးကတည်းက ဆိုင်၏ စီးပွားရေးမှာ အပူတပြင်း ထိုးတက်လာခဲ့သည်။ ဟင်းလျာတို့သည်လည်း ပို၍ အရောင်အသွေး စုံလင်လာခဲ့သည်။ ဒီတစ်ခေါက်တွင် မိန်းကလေး ဘာယူလာသလဲ မသိသေးပေ။

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Where stories live. Discover now