အပိုင်း (၅၆)
"အရာရှိတွေ?"
ရွှီချောင် အံ့အားသင့်သွားပြီး တစ်ခဏ စဉ်းစားကာ အမေလီအား လယ်စွန်းသို့ ဆွဲပြီး
"အမေ ပြန်ပြီး တစ်ချက်သွားကြည့်ရအောင်၊ ကျွန်မ ဘာမှ မှားတာမလုပ်ထားဘူး၊ ကျွန်မသာ ထွက်ပြေးရင် ပိုပြီး ဒုက္ခများလိမ့်မယ်"
အမေလီမှာ အနည်းငယ် ထိတ်ပျာနေသေးပြီး
"ဒါက...ဒါက..."
"သွားရအောင် အမေ"
ရွှီချောင် အမေလီအားဆွဲကာ ပေါက်တူးကို သယ်ပြီး အိမ်ပြန်လာခဲ့လေသည်။
သူ(မ)အိမ်တံခါးနားသို့ မရောက်သေးခင် ရွှီချောင်မှာ ခြံထဲတွင် မတ်တတ်ရပ်နေကြသည့် အရာရှိဝတ်စုံနှင့် လူများအား အဝေးမှနေ၍ လှမ်းမြင်လိုက်သည်။ သူတို့မျက်နှာများက အမူအရာကင်းမဲ့လျက်သားဖြင့် ပုံစံများက ကြောက်ချင်စဖွယ်ကောင်းနေ၏။ သူတို့အသွင်အပြင်ကို ကြည့်ပြီး ရွှီချောင်မှာ အနည်းငယ် စိုးရိမ်လာ၏။ တစ်ခဏ စဉ်းစားပြီးနောက် သူ(မ) ပြဿနာရှာအမှားလုပ်မိခြင်းမျိုး လုံးလုံးရှိမနေချေ။ ထို့နောက် အမေလီနှင့်အတူ ထိုအမျိုးသားများထံ သွားလိုက်ပြီး
"အရာရှိကြီးများ ဘာကိစ္စရှိလို့ပါလဲမသိဘူး?"
အရာရှိတစ်ယောက်က အရှေ့သို့တိုးကာ ရွှီချောင်အား ခေါင်းအစခြေအဆုံးကြည့်ပြီး
"မင်းက ရွှီချောင်လား?"
"ကျွန်မက သာမန်အရပ်သူတစ်ဦးပါ"
အရာရှိက လက်ကိုခါကာ
"သွားမယ် ငါတို့နဲ့ အစိုးရရုံးကို လိုက်ခဲ့ပါ"
ရွှီချောင် ထိတ်ပျာသွားပြီး