Chapter 57

2.3K 194 1
                                    

အပိုင်း (၅၇)

ရွှီချောင်နှင့် ဖူကွေ့တို့ ခရိုင်အစိုးရရုံးသို့ ရောက်သည့်အချိန်တွင် ခရိုင်အစိုးရအရာရှိက အဆင်သင့်ဖြစ်နေပြီး ပေကျင်းမှ ဝန်ကြီးများ ရောက်လာမည်ကို အသင့်စောင့်နေပြီဖြစ်သည်။ ရွှီချောင်အား မြင်သည်နှင့် သူ(မ)နှင့် ဖူကွေ့အား အရင်အနားယူခိုင်းရန် အစေခံများအား အမိန့်ပေးလိုက်ပြီး၊ ဝန်ကြီးများ သူ(မ)အား တွေ့ရန်လိုအပ်သည့်အခါမှ ထွက်လာရန် အသိပေးထားလိုက်သည်။

ရွှီချောင်နှင့် ဖူကွေ့တို့မှာ နေ့လယ်ထိတိုင်အောင် အခန်းထဲတွင် စောင့်ဆိုင်းခဲ့ရသည်။ ခရိုင်အစိုးရက ရွှီချောင်နှင့် ဖူကွေ့အား ခေါ်ရန် တစ်စုံတစ်ယောက်အား လွှတ်လိုက်သည့်အချိန်က သူတို့တွေ နေ့လယ်စာစားပြီးရုံသာရှိသေးသည်။

အရာရှိမှာ ဖူကွေ့အား မြင်သည့်အချိန်တွင် သူ့မျက်နှာက ထူးဆန်းသွားပြီး စကားပြောရန် တုံ့ဆိုင်းသွား၏။ ထိုအခြင်းအရာကိုမြင်ပြီး ရွှီချောင်မှာ လွန်စွာ စူးစမ်းမိချင်သွားပြီး မမေးဘဲမနေနိုင်တော့ကာ

"အရာရှိကြီး၊ ဘာဖြစ်လို့ ကျွန်မယောက်ျားကို ထူးထူးဆန်းဆန်း ကြည့်နေရတာလဲ?"

အရာရှိကြီးက ကိုးရိုးကားရားနိုင်စွာ ပြုံးပြီး

"ခဏနေကျ ညီမငယ် သိပါလိမ့်မယ်"

ရွှီချောင်တစ်ယောက် မြို့တော်မှ ဝန်ကြီးအား မြင်ရချိန်တွင်တော့ အရာရှိကြီး ဘာကြောင့် ထူးထူးဆန်းဆန်း ပြုံးရသလဲကို သူ(မ) သဘောပေါက်လိုက်တော့သည်။

မြို့တော်မှ ဝန်ကြီးက အသက်သုံးဆယ်ဝန်းကျင် ရှိပုံရပြီး ဘရိုကိတ်ဝတ်ရုံကြီးကို ဝတ်ဆင်ထား၏။ ဝန်ကြီး၏မျက်နှာက နဖူးပြင်အပြည့်၊ ပြေပြစ်သည့်မျက်နှာ၊ မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်း၊ နှုတ်ခမ်းပါးပါးနှင့် အလွန်ရှည်လျားသည့်သွင်ပြင်က ရင်းနှီးဟန် ရှိလေ၏။

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Where stories live. Discover now