"ဟာ....မိုးကလည်း အိမ်ပြန်ချိန်ကျမှပဲ ဆက်တိုက်ရွာနေတော့တာပဲ....."
"ဟော....ဉီးလေး ပြန်လာပြီလား နောက်ကျတယ်နော် ...."
"အေး ပြန်လာပြီကွ မိုးရွာနေလို့နောက်ကျသွားတာ...."
ဦးကျော်စွာ သူ့ကို နှုတ်ဆက်တဲ့ အောက်ထပ်တိုက်က ကောင်လေးကို ပြန်နှုတ်ဆက်ပြီး သူနေတဲ့ ငါးလွှာက အခန်းကို အမြန်တက်လာလိုက်တယ်။
သူ့နာမည်က ဦးကျော်စွာ။ အသက်က ငါးဆယ်ကျော်နေပြီ။ အေးရိပ်မြုံ မိဘမဲ့ ဂေဟာရဲ့ ဦးစီးမှူးတစ်ယောက်။ လူတိုင်းလေးစားအားကျရတဲ့ သူတစ်ဦးဆိုလဲမမှားဘူး။
လူတိုင်းကိုကူညီတက်ပြီး ကလေးတွေကို အရမ်းချစ်တဲ့သူ။ ခုလည်း သူမိဘမဲ့ ဂေဟာက ပြန်လာတာ။အကယ်၍ သူပြန်လာမိတာက သူ့ဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်စေလိမ့်မယ်ဆိုတာသာ သူသိရင် ခုလို မိုးရေထဲကနေတကူးတက ပြန်လာပါဦးမလား.....
ဦးကျော်စွာ သူ့အခန်းရှေ့ရောက်တာနဲ့ သော့ဖွင့်ပြီးဝင်မလို့ လုပ်လိုက်တယ်။
ဒါပေမယ့် သော့ခလောက်ဆီလက်လှမ်းလိုက်ချိန် သူ့သော့ခလောက်က ရှိမနေတော့ဘူး။ တစ်ခါမှမဖြစ်ဖူးတာကြောင့် သူခိုးဝင်တာလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ တံခါးဖွင့်ပြီး အိမ်ထဲ အမြန်ပဲ ပြေးဝင်လိုက်တယ်။ အိမ်ထဲရောက်တာနဲ့ မီးခုံကိုစမ်းကာ တစ်အိမ်လုံးလင်းသွားအောင် မီးခလုတ်နှိပ်ပြီး မီးဖွင့်လိုက်တယ်။"ဟင်! မင်းဘယ်သူလဲ! ငါ့အိမ်ထဲ ဘယ်လိုလုပ်ရောက်နေတာလဲ!!!!!"
ဦးကျော်စွာ မီးဖွင့်ဖွင့်ခြင်းပဲ ဆိုဖာပေါ်မှာ အငြိမ့်သား တမလင်ချိတ်ကာထိုင်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်တာကြောင့် လန့်ဖြန့်သွားတယ်။ ပုံစံကြည့်ရတာတော့ သူခိုးပုံမပေါ်ပါဘူး။ ခန္ဓာကိုယ် ခပ်ထွားထွား ရုပ်ရည်သန့်သန့်ပဲ။ ဝတ်စားထားပုံကလည်း အဆင့်အတန်းမြင့်မြင့်ပဲ။
ဂျောက်!
"ဟင် မင်းတို့ကရော ဘယ်သူတွေလဲ!!!"
ဦးကျော်စွာ အရှေ့က ကောင်လေးကို အကဲခတ်နေချိန် ဘယ်ချိန်တည်းကရောက်နေမှန်းမသိတဲ့ နောက်ထပ် မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေးတစ််ယောက်က အခန်းတံခါးကို ဂျက်ချလိုက်တာကြောင့် စိုးရိမ်စိတ်တွေမြင့်တက်လာတယ်။ ဒီကောင်တွေ သူ့ဆီက ဘာလိုချင်တာလဲ.....
YOU ARE READING
Die or Die
Actionကျုပ်နာမည်က "Die".... အန်စာတုံးလို့ အဓိပ္ပာယ်ရသလို သေခြင်းတရားလို့လည်း အဓိပ္ပာယ်ရတယ်......