Part 6

1.1K 74 31
                                    

"ဟက်! ငါကဘာလို့အဲ့လောက်ထိ ပြည့်စုံနေရတာလဲ....."

ဝေယံနိုင် မှန်ထဲမှာ မြင်နေရတဲ့ သူ့ရဲ့ ပုံရိပ်ကိုကြည့်ရင်း အရမ်းတွေ သဘောကျနေမိတယ်။ တကယ်ပါ သူ့ကိုယ်သူမို့ပြောတာမဟုတ်ပေမယ့် ဘယ်လိုကြည့်ကြည့်ပြည့်စုံလွန်းနေတယ်မဟုတ်လား။

အရပ်အမောင်း၊ ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစား အရာအားလုံးက ပြီးပြည့်စုံနေတာတော့လည်း ခက်သား....

ဒါပေမယ့် အရေးအကြီးအဆုံးအရာကတော့ အရည်အချင်း.....

သူ့ဘဝမှာ ရုပ်ပိုင်းဆိုင်ရာက‌မွေးကတည်းက ပြည့်စုံပြီးသားမို့ သူ့ကိုယ်သူပိုပြီးတော်လာအောင် အမြဲလေ့ကျင့်တယ်။ ဘာလို့လဲဆိုတော့ ဝေယံနိုင်ဆိုတဲ့ သူက အမြဲ perfect ဖြစ်နေရမယ် ဆိုတဲ့အတွေးက ဦးနှောက်ထဲမှာ အချိန်ပြည့်နေရာယူထားတယ်။

တကယ်လက်တွေ့မှာလည်း သူ့ကိုအမြင်မကြည်တဲ့သူတွေကစ သူ့အရည်အချင်းကိုတော့ မချီးကျူးပဲမနေနိုင်ဘူးလေ.....

ဝေယံနိုင် မှန်ဘေးက စားပွဲပေါ်က အနက်ရောင်ကနုတ်တို့ကို လှပါစွာရေးဆွဲထားတဲ့ မျက်နှာဖုံးတစ်ခုကို ကောက်တပ်လိုက်တယ်။

"perfect! ဒီနေ့ငါတို့တွေ့ရတော့မှာပါလား......"

_________________

ဒေါက်! ဒေါက်! ဒေါက်!

"အားလုံးအဆင်သင့်ဖြစ်ပြီ Die...."

"အွန်း...ကိုကိုရော...."

"ကိုကိုက မင်းကိုစောင့်နေတယ်...."

"ကောင်းပြီ....ငါလာခဲ့မယ် အပြင်မှာစောင့်နေ..."

"‌အေး...."

Die Lucus အခန်းထဲက ထွက်သွားတာနဲ့ မိမိရဲ့ ပုံရိပ်ကိုမှန်ထဲမှာပြန်ကြည့်မိတယ်။ တကယ်ကိုမှ အပေါ်ရံ အခွံသာသာပဲရှိတဲ့ ခန္ဓာကိုယ်ကြီး။ သူများတွေကသေရမှာ ကြောက်ကြပေမယ့် ကိုယ်ကတော့သေရမှာကို ကြောက်တဲ့သူမျိုးမဟုတ်။ ကြိုက်တာ။ သေရမှာကို ကြိုက်တယ်။ အဲ့ကြမှ နောင်ဘဝကြရင် ခုလိုငရဲမှာကြီးပြင်းလာမယ့်အစား နေရာကောင်း‌တစ်နေရာမှာ ကြီးပြင်းဖို့အခွင့်အရေးရနိုင်မှာလေ......

ဒါပေမယ့် ခုချိန်မှာတော့ သူသေလို့မဖြစ်ဘူး။ သူ့နားမှာ ကိုကိုရှိနေပြီ။ သူ့အတွက် အရာအားလုံးကိုစွန့်လွှတ်ခဲ့တဲ့ ကိုကို့ကို သူကာကွယ်ရမယ်။ ခုချိန်မှာ ကိုကိုကသာ သူ့ရဲ့အသက်သွေးကြောပဲ။ ကိုကို့ကို ထိတဲ့သူတိုင်းက သူတို့အသက်နဲ့ပေးဆပ်ရမယ်။ Die အံဆွဲထဲက ပစ္စတိုတစ်လက်ကို ထုတ်ပြီး ကုတ်အင်္ကျီရဲ့ အတွင်းဘက်အိတ်ထဲထည့်ထားလိုက်တယ်။ သူ့အတွက်မလိုအပ်ပေမယ့် ကိုကို့ကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ လိုတယ်ပိုတယ် ဆိုတာ လုံးဝမရှိဘူး......
-
-
-
"ကိုကို....."

Die or DieNơi câu chuyện tồn tại. Hãy khám phá bây giờ