Part 5

1.1K 73 16
                                    

"ဟာ! ကိုကို! ငါတို့မင်းကိုဆက်သွယ်လို့မရဘူးဆိုပြီး စိတ်ပူနေတာ...မင်းကခုမှ ပေါ်လာတော့တယ်"

ကိုကို ကိုမြတ်မွန်တို့ကိုနှုတ်တောင်မနှုတ်ဆက်ရသေးတာကြောင့် ညီညီ့ကိုပြောပြီး မမွှေးမွှေးကလေးမွေးတဲ့ ဆေးရုံကို လိုက်လာကြတာ။ ညီညီနဲ့လည်းမိတ်ဆက်ပေးမလို့လေ.....

"ဟုတ်သားပဲ ကိုကိုရယ် လာလာ...အမ‌မွေးပြီးပြီးခြင်း မင်းအကိုက မင်းကိုဆက်သွယ်လို့မရလို့ဆိုပြီး လုပ်နေလို့ အမမှာ ချက်ချင်းပဲကုတင်‌ပေါ်ကထပြီး အချင်းတန်းလန်းနဲ့ပဲ မင်းကိုလိုက်ရှာရမလိုလို ထိုင်မရထမရတွေကို ဖြစ်လို့ ဒါနဲ့ သူက......."

"အော် ဒါက ကျွန်တော် အမတို့နဲ့ မိတ်ဆက်ပေးမလို့။ အမတို့အံ့ဩသွားမှာ သေချာတယ်...."

"ဟုတ်လှချည်လားကွ ငါ့ညီရာ...မဟုတ်မှလွဲရော မင်းကောင်လေးလား....."

ကိုမြတ်မွန်ရဲ့ အမေးကြောင့် ကိုကို့မှာ ခေါင်းပေါ် ‌ မိုးကြိုးအတောင့်လိုက်ပစ်ချတော့မလိုပဲ ခံစားလိုက်ရတယ်။

"ဟာ! မဟုတ်ပါဘူး အကိုရာ ပေါက်ကရတွေ။ ဒါကျွန်တော်ပြောပြဖူးတဲ့ ကျွန်တော့်ရဲ့ ညီလေးလေ။ ညီညီတဲ့...ညီညီ..ဒါက အကိုမြတ်မွန်နဲ့ အမမွှးမွှေးလေ။ ကိုကို့ကို မိသားစုဝင် တစ်ယောက်လို ဆက်ဆံပေးကြတဲ့ သူတွေ......"

"တွေ့ရတာ ဝမ်းသာပါတယ်...."

ကိုမြတ်မွန်တို့ လင်မယား သူတို့ကြားလိုက်ရတာကိုမယုံနိုင်ဖြစ်နေသလို ကိုကို့အတွက်လည်းတော်တော်လေးဝမ်းသာမိတယ်။ ဒီကောင်လေးက ကျန်တဲ့အချိန်သာစကားနည်းတာ သူ့ညီအကြောင်းဆိုမပြီးနိုင်မစီးနိုင်ပြောနေကြလေ။ ကိုယ်တွေလည်း ပြန်တွေ့မယ်လို့တောင်မထင်ထားဘူး။ ခုလို‌သူတို့ပြန်ဆုံတာမြင်ရတော့ တော်တော်ဝမ်းသာမိတယ်........

"တွေ့ရတာဝမ်းသာပါတယ်ကွာ...."

"တွေ့ရတာ ဝမ်းသာပါတယ် မောင်လေး...."

Die သူ့ရှေ့က သတ်လတ်ပိုင်းအရွယ် လင်မယားနှစ်ယောက်ကို လက်ဆွဲပြီး နှုတ်ဆက်လိုက်တယ်။ ပုံစံတွေကြည့်ရတာတော့ ရိုးသားမယ့်ပုံပေါ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုကို့ကို သူတို့လင်မယားက စောင့်ရှောက်ပေးခဲ့တာဆိုတော့ ကျေးဇူးတင်ရမှာပေါ့လေ.....

Die or DieWhere stories live. Discover now