Part 3

1.4K 85 38
                                    

ကိုကိုသူ့မျက်စိရှေ့မှာ မြင်နေရတာတွေကို မယုံနိုင်ဖြစ်နေတယ်။ ဒီလောက်ကြီးမားတဲ့ အိမ်ကြီးက သူ့ညီလေးနေတဲ့ အိမ်ကြီးတဲ့လား။ ဒီအိမ်ကြီးကို မြင်လိုက်ရတဲ့အချိန်မှာ သူ့ညီလေးကို‌သူ့နားကထွက်သွားဖို့ မောင်းထုတ်ခဲ့မိတာ မှန်တယ်လို့ ပထမဆုံးတွေးမိတာပဲ......

"ကိုကို....ကိုကို့ အိပ်ခန်းက အပေါ်မှာ....ကျွန်တော်လိုက်ပို့မယ်....."

"ဟို...ခနလေး... ညီညီ့ရဲ့မိဘတွေရော....."

"သူတို့ဆုံးသွားတာကြာပြီ...."

"အော်....ကိုကိုစိတ်မကောင်းပါဘူး...."

"ရပါတယ်...."

Die စိတ်ထဲရီတော့ရီချင်မိသား မိဘတွေတဲ့လား....မိဘတွေဆိုတဲ့ အခေါ်အဝေါ်နေရာမှာမကောင်းဆိုးဝါးတွေလို့ သုံးလိုက်သင့်တယ်လို့ ကိုကို့ကိုပြောပြလိုက်ချင်ပေမယ့် ကိုယ်ကိုယ်တိုင်ကလည်း အဲ့မကောင်းဆိုးဝါးတွေရဲ့လမ်းစဥ်ကိုလိုက်‌နေတဲ့ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေတာတော့ ခက်သား......

"ဟက်!"

"အယ်....ကိုကို့ကို တစ်ခုခုပြောလိုက်တာလား......"

"မဟုတ်ပါဘူး...လာ...အပေါ်ထပ်ကို လိုက်ပြပေးမယ်....."

"အွန်း....."

Die ကိုကို့ကို‌ခေါ်ပြီး အပေါ်ထပ်ကို တက်မလို့ လုပ်တဲ့အချိန် နောက်ကလိုက်လာတဲ့ Vicky နဲ့ Lucus ကိုမြင်ပြီး မျက်ခုံးတွေတွန့်ချိုးသွားတယ်။

"နှစ်ယောက်လုံးနေခဲ့...."

Die ရဲ့ အမိန့်ဆန်တဲ့ စကားတစ်ခွန်းကြောင့် ရီနေရာကနေ ချက်ချင်းတည်ကာဦးညွှတ်ကြသွားတဲ့ Lucus နဲ့ Vicky ကြောင့် ကိုကို့စိတ်ထဲ ပဟေဋိဖြစ်သွားတယ်....

Die မျက်နှာပျက်သွားတဲ့ကိုကို့ကို သတိထားမိတာကြောင့် အပေါ်ထပ်ကိုပဲ အမြန်ခေါ်လာပြီး အာရုံလွှဲဖို့လုပ်လိုက်တယ်....

"ဒါ ကိုကို့အခန်း...."

"အွန်း.....အယ်! ဒါက....ဒါက ကိုကို့အခန်းပေါ့...."

ကိုကိုအခန်းအတွင်းပိုင်းကိုမြင်လိုက်ရချိန်မှာတော့ ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ ဒီအခန်း‌ကြီးက သူအရင်နေခဲ့တဲ့ အဆောင်တိုက်ခန်းရဲ့ သုံးလေးဆလောက်ရှိနေတယ်လေ။ အိမ်ကြီးက တော်တော်ကြီးတာသိပေမယ့် အခန်းကဒီလောက်ကြီးထိ ကျယ်မယ်လို့တော့ ဘယ်ထင်ပါ့မလဲ.....

Die or DieWhere stories live. Discover now