Part 2

1.3K 104 79
                                    

တီ! တီ! တီ!
တီ....တီ....တီ....

ပုံမှန်ဆို ငြိမ်ဆိတ်နေတက်တဲ့ ဆိတ်ငြိမ်ရပ်ကွက်လေးထဲမှာ ခုတော့ မနက်မိုးမလင်းခင်ထဲက ရဲကားသံ၊ဆေးရုံကားသံတွေနဲ့ ဆူညံနေခဲ့တယ်။

"ဒီမှာလာအုံမနေပါနဲ့နော်...တာဝန်ရှိသူတွေကို အနှောက်အယှတ်ဖြစ်စေပါတယ်..."

"ဘယ်သူသေတာလဲပဲ သိချင်တာပါ..."

"ဟဲ့ဟိုစိတ်ထားကောင်းတဲ့ ဦးလေးကြီးသေတာဆို..."

"ဦးကျော်စွာကိုပြောတာမလား..."

"အေး...ဟုတ်တယ်...ဟုတ်တယ်..."

"ဟယ် သနားပါတယ်..."

"ကဲ သနားချင်ရင် နောက်မှ သနားပါ။ ထပ်တိုး‌နေရင် ဝတ်တရားနှောက်ယှတ်မှုနဲ့ အကုန် အချုပ်ထဲ ထည့်ရပါလိမ့်မယ်...."

ကျော်စွာ တကယ်ကို ဒေါသတွေ ထွက်နေပါပြီ။ ဒီအမှုကပုံမှန်မဟုတ်လို့ တိုင်ပတ်နေရတဲ့ထဲ ဒီလူတွေက တစ်မှောက် ထိန်းလို့ကို မရဘူး။
အဲ့ကြားထဲ ဒီအမှုကို ကိုင်ဖို့ ဒုရဲအုပ်အသစ်က ပြောင်းလာမှာတဲ့။ အပေါက်ဆိုးတယ်လို့လဲ ပြောကြသေးတယ်။ အဆိုးဆုံးကတော့သေတဲ့သူက သူနဲ့ နာမည်လာတူနေတာပဲ။

" ဒီနေ့တော့ ပြဿဒါးနေ့ပါလား....."

တီ! တီ! တီ!

"ဟာ! ဒုရဲအုပ် လာပြီထင်တယ်...ဖယ်ပေးကြပါ။ တာဝန်ရှိသူတွေ ‌လာနေပါပြီ။ ဖယ်ကြနော်...."

ကျော်စွာ လူအုပ်ကြီးရဲ့ အနောက်မှာ ရပ်လိုက်တဲ့ ရဲကားကို လှမ်းကြည့်နေလိုက်တယ်။ သွားကြိုချင်ပေမယ့် လူတွေက တိုးနေတာကြောင့် စည်းတားထားတဲ့နေရာမှာပဲ နေလိုက်တယ်။

ကားတံခါးဖွင့်ပြီး ဆင်းလာတဲ့ အချိန်မှာတော့ ကျော်စွာ မျက်လုံးတွေပြူးကျယ်သွားတယ်။
ဆင်းလာတာက ဒုရဲအုပ်မှန်း ယူနီဖောင်းကို ကြည့်တာနဲ့ သိနိုင်ပေမယ့် ရုပ်ရည်က ရိုက်ကွင်းနေရာ နဲ့ မှုခင်းနေရာ မှားလာသလား အောက်မေ့ရတယ်။

စူးရှ ပြတ်သားနဲ့မျက်လုံး၊ မျက်ခုံးထူထူ၊ နှာတံမြင့်မြင့်၊ နှုတ်ခမ်းသားကအစ‌ပန်းရောင်သန်းပြီးထူထူလေး၊ အရပ်ကလည်း အမြင့်ကြီး....

Die or DieWhere stories live. Discover now