ချစ်ခဲ့သမျှ - အကြောင်း ၁ -

223 12 0
                                    

uni.

Darling (ဒါလင်) ဆိုတာ သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်း။

သူ့ဘဝရဲ့ ချစ်ဦးသူ။

ချစ်တယ်လို့ သူ့ဘက်က တစ်ခါမှ စ,မပြောဖူးတောင် သူ့အပေါ် ချစ်တယ်လို့ ပြောဖို့ နည်းနည်းလေးမှ ဝန်မလေးတက်သူ။

သူ့အတွက်ဆို ပင်ပန်းစရာတွေ ကန့်လန့်ကာချပြီး အပြုံးတွေပဲ မျှဝေတက်တဲ့သူ။

နာစရာတွေချည်း ပြည့်လျှံနေတဲ့ သူ့ဘဝ၊ သူ့ဇာတ်အိမ်ကြီးထဲ ''ကာကွယ်ပေးပါရစေ'' ဆိုပြီး ခိုင်ခိုင်မာမာ ဝင်လာခဲ့တဲ့သူ။ ဝင်လာရဲတဲ့သူ။

အချစ်ကြီးတဲ့ Darling။ အတ္တကြီးတဲ့ Darling။

ချစ်ခဲ့ပါတယ်။ Darling ကို သူ သိပ်ချစ်ခဲ့တာပေါ့။

Darling ကလည်း သူ့ကို သိပ်ချစ်တယ်။ သိပ်လည်း ချုပ်ချယ်တက်တာပဲ။ Darling ကလေ .. ပေါ့ပေါ့ပါးပါး ပြုံးတက်သလောက် မွန်းကျပ်အောင် သိပ်လုပ်တာပဲ။ မွန်းကျပ်မှု့တွေကို 'ဆူး' မကြိုက်တက်ဘူး။ အို .. 'ဆူး' မှ မဟုတ်ဘူး။ ဘယ်သူမှလည်း မွန်းကျပ်မှု့တွေကို မကြိုက်ဘူး။ မွန်းကျပ်တာတွေ ချုပ်ချယ်တာတွေ 'ဆူး' သိပ်မုန်းတယ်။

ဒါပေမဲ့ Darling က မုန်းပစ်ဖို့ကို အားနာစရာပါလေ။

ရောင်နီပျပျသာ ကျန်သည့် ပုဇွန်ဆီရောင် ကောင်းကင်ကြီးကို ခပ်တွေတွေကလေး ငေးရင်း လက်ချောင်းကြားက တစ်ဖွာစာသာကျန်သည့် စီးကရက်ကို ရှိုက်လိုက်တယ်။ နှာခေါင်းဖျားရှေ့မှရော နှုတ်ခမ်းဖျားများကြားမှပါ တစ်ငွေ့ငွေ့ထွက်လာနေတဲ့ စီးကရက်ငွေ့တွေက လိုက်ကာစအဖြူများကြား ရောယှက်သွားသည်။

" မောင် ''

နှုတ်ဖျားမှ ယောင်ယမ်းရင်း ထွက်သွားတဲ့ နာမ်စားလေးကြောင့် နှုတ်ခမ်းကို လက်ဖဝါးနုနုဖြင့် အလန့်တကြား အုပ်လိုက်ရတယ်။ မီးစွဲလက်စ စီးကရက်က ဖြူဖွေးနေတဲ့ ကြမ်းပြင်ပေါ်  ဖွဖွယွယွကလေး ကျသွားတယ်။

''မောင် ..'' တ,မိလေတိုင်း ထိတ်ခနဲ လန့်ခနဲ ဖြစ်သွားစေတဲ့ထိ စွမ်းဆောင်နိုင်သည်။ နာကျင်စရာ။ မောင်ဟာ နာကျင်စရာပါလေ။ သို့တည်းမဟုတ် ကြည်နူးစရာ။ ပျော်ရွှင်စရာ။ မောင် ဆိုတာ သူ့ဘဝရဲ့ ခပ်လှလှ ဒါဏ်ရာကလေး။ နာကျင်နေရတာတောင် ခပ်လှလှကလေး ထိုင်ငေးကြည့်ချင်စရာ။

|| ချစ်ခဲ့သမျှ || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »Where stories live. Discover now