ချစ်ခဲ့သမျှ - အကြောင်း ၃-

105 7 0
                                    

uni.

(လွန်ခဲ့သော ၅ နှစ်)

* Honey အခု အိမ်မှာပဲလား။ *

* အင်း။ အိမ်မှာပဲပေါ့။ 'ဆူး' က ဘယ်ကိုများ သွားလိမ့်မယ် ထင်နေလို့လဲ။ "

ဘတ်ခ်ဟျွန်း ရဲ့ လေသံက အလုပ်ရှုပ်နေဟန်။ စပီကာဖွင့်ထားသည်မို့ စာရွက်လှန်နေသည့် အသံအချို့ကို ကြားနေရသည်။

* ဟုတ်ပါပြီ။ အဲဒါ အိမ်ကို လာဖို့လူရှိတယ်။ Honey က နည်းနည်းပါးပါး ဧည့်ဝတ်ကြေပေးဦး။ *

Darling ဟာ 'ဆူး' ရဲ့ အကြောင်းကို တကယ်မသိတာပဲ ဟု ဂယောင်ဆူး တွေးပစ်လိုက်တယ်။ တစ်ဆက်တည်းမှာပဲ အလိုမကျဟန် နှာခေါင်းရှုံ့မိသေးတယ်။

* ဒါဆို ကိုယ် ဖုန်းချတော့မယ်နော်။ အစားပုံမှန်စားဦး။ စီးကရက်တွေ ထပ်မသောက်တော့နဲ့။ ကြားလား Honey .. *

နောက်ဆုံးတော့လည်း သူ့အတွက် မှာတမ်းချွေခြင်းနှင့် ပြီးဆုံးသွားခဲ့သည်။ အလင်းရောင်မှိန်ကျသွားသည့် ဖုန်းစခရင်ကို မျက်မှောင်ကြုတ်ကြည့်ရင်း ခေါင်းသာခပ်ဖြေးဖြေး ရမ်းရသည်။

ဘတ်ခ်ဟျွန်း သိပါတယ်။ ဂယောင်ဆူးဟာ လူစိမ်းတွေကို သဘောမကျမှန်း။ ဒါပေမဲ့ အခုလာမဲ့သူက ငယ်ငယ်ကတည်းက အင်္ဂလန်ရောက်နေတဲ့ သူ့ရဲ့ ဝမ်းကွဲညီ ဖြစ်နေခြင်းကြောင့်။ အသက်အရွယ်အရ သုံးနှစ်ကျော်လောက်သာ ငယ်သည်မို့ ဘတ်ခ်ဟျွန်း၏ ကစားဖော် ကစားဖက်ဆိုလည်း မမှားနိုင်။ ထို့အပြင် ဘတ်ခ်ဟျွန်း၏ အရင်းနှီးဆုံး ၊ အခင်မင်ရဆုံး ဦးလေးဖြစ်သူ၏ သားဖြစ်နေသည်က တစ်ကြောင်း။

" အင်္ဂလန် မှာပဲ အပြီးနေလိုက်တော့ ဘာဖြစ်မှာလဲ။ တကယ် စိတ်ညစ်စရာ။ "

Darling ပြောပြောနေလို့ အဲဒီလူကို 'ဆူး' စိမ်းသက်မနေတာတော့ အမှန်ပဲ။ ဒါပေမဲ့ ကသိကအောက် ဖြစ်ချင်စရာပါ။ 'ဆူး' တစ်ယောက်တည်းပဲ နေချင်တယ်။ ဖြစ်နိုင်ရင် ဒီကမ္ဘာကြီးပေါ်မှာ 'ဆူး' တစ်ယောက်တည်း ရှင်သန်ပစ်ချင်တာ။

ကျွီ ~!!!
ခွမ်း!

ကားကို အရှိန်ပါပါ ဘရိတ်အုပ်ပစ်လိုက်တဲ့ အသံနှင့် တစ်ခုခုကျကွဲသွားပုံရတဲ့ အသံမျိုးကြောင့် ရုတ်တရက် ဂယောင်ဆူး လန့်သွားမိတာ အမှန်ပဲ။ ဒီအိမ်ကြီးက အမြဲတိတ်ဆိတ်နေတက်တာလေ။

|| ချစ်ခဲ့သမျှ || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »Where stories live. Discover now