ချစ်ခဲ့သမျှ - အကြောင်း ၉- ပြီးဆုံးမှု့

165 12 4
                                    

Uni.

" ဒါပေမဲ့ သတင်းကောင်းနဲ့ သတင်းဆိုးရှိတယ်။ ဘယ်ဟာကို အရင်နားထောင်ချင်လဲ"

ဆရာဝန်ကြီးရဲ့ မျက်နှာထားသည် တည်တံ့နေပေမဲ့ ပျက်ယွင်းနေသည်။ တစ်ခုခု အဆင်မပြေလို့များလား။

" သတင်းကောင်း ... "

" အင်း..... သတင်းကောင်းက နောက်တစ်ပါတ်အတွင်း ခွဲစိတ်မှု့ပြုလုပ်ရမယ်။ အောင်မြင်ဖို့ရာခိုင်နှုန်းက ၉၆% ရှိတာမလို့ သတင်းကောင်းပဲ"

" ဒါဆို သတင်းဆိုးကရော ဆရာ"

" တကယ်လို့ ပတ်ချန်းယောလ်က လူနာ ဒိုဂယောင်ဆူးကို ကျောက်ကပ်တစ်ဖက် လှူလိုက်ရင် အသက်ဆက်ရှင်ဖို့ ရာခိုင်နှုန်းမရှိဘူး။ "

" ဗျာ!? ''

ပျော်ရမှာလား ဝမ်းနည်းရမှာလားမသေချာတဲ့ ဒီအခြေအနေက ဘာကြီးလဲ။ ဘာကြောင့် သူက အသက်ဆက်ရှင်လို့မရတာလဲ။

" လွန်ခဲ့တဲ့ သုံးနှစ်က ပတ်ချန်းယောလ်ဟာ ကျောက်ကပ်အစားထိုး ကုသချင်းကို တစ်ကြိမ်လှူဒါန်းခဲ့ဖူးပါတယ်။ အခုတစ်ကြိမ်ပါ ထပ်လှူလိုက်မယ်ဆိုရင် အသက်ဆက်ရှင်ဖို့ မဖြစ်နိုင်ပါဘူး။ သေချာစဥ်းစားပါ"

" ............. လှူမယ်။ "

အထိတ်တလန့်ဖြစ်သွားပုံရတဲ့ ဆရာဝန်ကြီးနဲ့ ဘေးမှ သူနာပြုမလေးတို့ရဲ့ အကြည့်ကို လျှစ်လျှူရှုရင်း ပြုံးလိုက်သည်။ ကျွန်တော့်ကို သေချာ စဉ်းစားဖို့သာ ပြောနေပြီး ဖျောင်းဖျနေတဲ့ ဆရာဝန်ကြီးက ကျွန်တော့်ငြင်းဆန်မှု့တွေကြောင့် မျက်စိပျက်မျက်နှာပျက်တော့ ‌ဖြစ်နေရှာသည်။ ကျွန်တော့်ဘက်က တက်နိုင်သလောက် ပေးဆပ်လိုက်ပြီမို့ ဂယောင်ဆူးဖက်က ပတ်ချန်းယောလ်ဆိုတဲ့ ဖြစ်တည်မှု့ကို မမေ့လိုက်ရင် ကျွန်တော်ကျေနပ်တင်းတိမ်ပါပြီ။

~

ပတ်ချန်းယောလ်ဆိုတဲ့ အမည်နာမလေးကို ၊ မောင်ဆိုတဲ့ နာမ်စားလေးကို ဂယောင်ဆူး ဆက်ပြီး မှတ်မိနေဖို့အတွက် အသက်ဆက်ရှင်ပေးပါ။ နည်းနည်းလောက်လေး မောင့်ကို သတိတရရှိပေးပြီး ဆက်ချစ်နိုင်ဖို့ အသက်ဆက်ရှင်ပေးပါ။ မောင့်ကို ချစ်သေးရင် အသက်ဆက်ရှင်ပေးပါ။

|| ချစ်ခဲ့သမျှ || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »Where stories live. Discover now