ချစ်ခဲ့သမျှ - အကြောင်း ၅-

94 11 2
                                    

uni.

" မောင်.. "

" ဟင်! ဘယ်လို!? ''

'' ဟုတ်တယ်။ မောင်လို့ခေါ်ပေး။ ဂယောင်ဆူးက ကျွန်တော့်ကို ချစ်တယ်လို့ ပြောနေတာနဲ့တင် မလုံလောက်ဘူး။ ဒါ ကျွန်တော့်ရဲ့ ပထမဆုံး တောင်းဆိုမှု့ .. "

ဂယောင်ဆူး လက်ဖျားလေးတွေ အေးစက်နေတာ ရှက်နေလို့များလား။ အို .. မဟုတ်တာ။ ဒီပန်းခြံက လေတိုက်လိို့နေမှာ။

" မခေါ်ရဲဘူးလား။ မခေါ်နိုင်လို့လား "

မျှော်လင့်ချက်တွေ ပါဝင်နေတဲ့ အသံနဲ့ ချန်းယောလ်ရဲ့ အကြည့်တွေကတော့ ယုံကြည်မှု့ကအပြည့်ပင်။

" မောင်... မောင်ဆိုတာကြီးက။ "

မဝံ့မရဲ ဆိုမိတော့ ချန်းယောလ်က ခနဲ့တဲ့တဲ့ပြုံးသည်။ စိတ်ကုန်သလို ကြည့်သည်။ ဒါလေးတောင် မလိုက်လျောနိုင်ဘူးလား ဆိုတဲ့ပုံနဲ့ သက်ပျင်းချသည်။

" တခြားလူတွေ ရှေ့မှာရော မောင်လို့ပဲ ခေါ်ရမှာလားဟင်။ "

" တခြားလူ.. ? ဂယောင်ဆူးရဲ့ Darling ရှေ့လား။ ဟက်.... "

ချန်းယောလ်ရဲ့ ရယ်သံအက်ရှရှကြားထဲ ဂယောင်ဆူးသိမ်ငယ်စွာ ၊ ထိတ်လန့်စွာ အောက်နှုတ်ခမ်းကို ခပ်ဖွဖွကိုက်မိသည်။

အစကတည်းက မှားယွင်းခဲ့မိကြတာပါ။

အဲဒီနေ့က ချစ်တယ်ဆိုပြီး သူမဝန်ခံခဲ့သင့်ဘူး။အဲ့ဒီနေ့က အနံ့တောင်မခံနိုင်ခဲ့တဲ့ အရက်တွေ မသောက်ခဲ့သင့်ဘူး။ ချန်းယောလ်ရဲ့ မွေးနေ့ဆိုတဲ့ ပါတီပွဲလေးကို သူလိုက်မသွားသင့်ဘူး။ ချန်းယောလ်နဲ့ တရင်းတနှီး မနေခဲ့သင့်ဘူး။ ဗိုက်အောင့်ပြီး သတိမေ့သွားတဲ့နေ့က ချန်းယောလ်ကို သူကျေးဇူးမတင်ခဲ့သင့်ဘူး။ အစကတည်းက ချန်းယောလ်ဆိုတဲ့ ထိုလူသားနဲ့ မတွေ့ဆုံခဲ့သင့်ဘူး။

လှည့်ဖျားသလို ဖြစ်နေပေမဲ့ ဂယောင်ဆူးရဲ့ နှလုံးသားက ချန်းယောလ်ကိုလည်း လိုအပ်နေခဲ့တာ။ အလုပ်တွေနဲ့ချည်း မအားနိုင်ဖြစ်နေတဲ့ ဘတ်ခ်ဟျွန်းထက် ချန်းယောလ်ရဲ့ ဂရုစိုက်ပေးမှု့တွေက ဂယောင်ဆူးကို ပိုပြီး ပျော်ဝင်စေခဲ့တာ။

|| ချစ်ခဲ့သမျှ || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »Where stories live. Discover now