ချစ်ခဲ့သမျှ - အကြောင်း ၈ -

98 10 2
                                    

Uni.

" မသွားပါနဲ့ ! ဆူး တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး....ကျေးဇူးပြုပြီး ဆူးကို မထားခဲ့ပါနဲ့။ "

" လွှတ်... "

" မောင်... "

" ခင်ဗျားက ချစ်ပေးဖို့ မထိုက်တန်ဘူး။ ခင်ဗျားကို မုန်းတယ်ဗျာ! လွှတ်တော့!!! ပြီးတော့ ရွံတယ်''

မောင့်ရဲ့ အကြည့်တွေက သူစိမ်းဆန်လိုက်တာ။ ဆူးရဲ့ရင်ဘတ်ထဲ နာလိုက်တာ။ မုန်းတယ်ဆိုတဲ့ စကားက ဒီလောက်တောင် ခံပျင်းဖို့ကောင်းလား။

ကာယကံရှင် ကိုယ်တိုင်က လွှတ်ပေးဖို့ တောင်းဆိုနေပြီပဲ။ ဆွဲထားဖို့ အကြောင်းပြချက်ကောင်းကောင်းလေး ရှာတွေ့ရင်တော့ မသွားပါနဲ့လို့ တားပါ့မယ်။ မောင်မှ ဆူးကို မချစ်တော့တာပဲ။ မောင့်ကို အနားမှာထားလည်း ဆူး ဒါဏ်ရာတွေပဲ ရတော့မှာ။ ဆူး မနာကျင်ချင်တော့ဘူး မောင်။ 

" နောက်ဆုံး အကြိမ်အတွက်ပဲ ဖြစ်ဖြစ် ဖက်ထားခွင့်ပြုပါလား။ မောင့်ရင်ခွင်ရဲ့ အနွေးဓာတ်လေးကို ဆူး မှတ်သားထားချင်လို့ပါ။ "

မောင်ဟာ ဘာမှမပြောတော့။ သက်ပျင်းကြမ်းကို အားပါပါချရင်း သူ့ကို မျက်နှာလွှဲထားသည်။

ဒီရင်ခွင်ကြီးကို ဆုံးရှုံးရတဲ့ ဒီနေ့ လက်ရှိ အချိန်လေးကစလို့ ဆူးရဲ့ ကမ္ဘာဟာ အပြိုပြို အလဲလဲ။

~

မောင်ငြိုငြင်မှာရော ၊ မောင် ငိုနေမှာကိုရော မလိုလားတာမလို့ မောင့်ကို လက်လွှတ်ပစ်လိုက်ခြင်းပါ။ မုန်းလို့ မဟုတ်ဘူး မောင်။ မောင့်ကို နောက်ဆုံး လက်လွှတ်လိုက်တဲ့ အချိန်ထိ ချစ်တယ်လို့ ရေရွှတ်နေခဲ့တာ။

~

" မသွားပါနဲ့ ! ဆူး တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး....ကျေးဇူးပြုပြီး ဆူးကို မထားခဲ့ပါနဲ့။ "

မျက်ရည်စတွေ ဝန်းရံထားတဲ့ မျက်ဝန်းဝိုင်းဝိုင်းတွေ... စိုစွတ်နေတဲ့ မျက်တောင်ဖျားလေးတွေ...

" လွှတ်... "

ချန်းယောလ်ရဲ့ ခါးကို ဖက်တွယ်ထားတဲ့ ဂယောင်ဆူးရဲ့ လက်တွေ ...

"မောင်... "

မောင် ဟု ခေါ်နေတဲ့ နှုတ်ခမ်းဖောင်းဖောင်းလေးတွေ...

|| ချစ်ခဲ့သမျှ || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »Where stories live. Discover now