ချစ်ခဲ့သမျှ - အကြောင်း ၇ -

97 11 2
                                    

Uni.

အချိန်တွေက ထိုင်နေသလိုနှင့် ကုန်ဆုံးလာခဲ့တာ နှစ်လကျော်ပြီ။

မောင်နဲ့ ချစ်သူတွေ ဖြစ်တာ ငါးလပြည့်တော့မယ်။

Darling သူ့ကို လျှစ်လျူရှုထားတာဟာလည်း နှစ်လပြည့်တော့မယ်။

Darling နဲ့ မောင်တို့ကတော့ ပုံမှန်အတိုင်းပါပဲ။ Darling က ဆူးနဲ့ မောင့်ရဲ့ အကြောင်းတွေကို သိသွားပေမဲ့ မောင်ကတော့ မသိရှာပါဘူး။ မောင်မသိတာလည်း အဆင်ပြေပါတယ်လေ။

" ဆူးတို့ ချစ်သူသက်တမ်း ငါးလပြည့်တော့မယ်နော် "

" ဟုတ်လား။ အချိန်ကုန်တာ မြန်လိုက်တာ"

သဘတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ရင်း စိုနေတဲ့ဆံပင်များကို သုတ်နေတဲ့ မောင်က အံ့ဩသွားဟန်ဖြင့်။

" မောင်ဟာ အမြဲတမ်း ပေါ့ပျက်ပျက်နိုင်လိုက်တာ။ "

ထုံးစံအတိုင်း ဆူး အရှေ့မှာ ဝင်ထိုင်လာတဲ့ မောင့်ရဲ့ လက်ထဲက သဘတ်ကို ယူပြီး ဆံပင်များကို ခပ်ဖွဖွသုတ်ပေးလိုက်သည်။

" နောက်ထပ် ဆယ်ရက် ၊ သုံးနာရီ နှစ်ဆယ့်တစ်မိနှစ် လိုသေးတယ်မလား။ ကဲ ပြော။ မောင်ပေါ့ပျက်ပျက်နိုင်လား။ "

ကျောပေးထားတဲ့ မောင်က ချက်ချင်း သူ့ဖက်မျက်နှာချင်းဆိုင်ကာ လှည့်လာပြီး ခပ်ကြွကြွဆိုသည်။

" မျက်နှာ အဲ့လောက် မပြောင်နဲ့ ပတ်ချန်းယောလ်-ရှီ။ ထုမိလိုက််မယ်"

လက်သီးဆုပ်လေး ထောင်ပြလာတဲ့ ဂယောင်ဆူးက ညအိပ်ဝတ်စုံ အပွကြီးထဲ နှစ်မြှုပ်နေသည်မှာ အသည်းယားဖွယ် အတိ။

" ဒီလက်ကလေးက မောင့်ဆံပင်ဖြီးဖို့ပဲ ထား။ တစ်ခုခုဖြစ်သွားရင် ကျွန်တော် ဘယ်လိုလုပ်မလဲ။ "

" တော်ပါတော့။ အရှေ့ပြန်လှည့်။ ဆံပင်တွေ မခြောက်သေးဘူး။ "

စပ်ဖြီးဖြီးကြည့်နေသေးသည့် ချန်းယောလ်ကို ဂယောင်ဆူး ကိုယ်တိုင် ဆွဲလှည့်ပေးလိုက်ရတယ်။ ဒါတောင် လှည့်ကြည့် လှည့်ကြည့်နဲ့ မျက်နှာပိုးကို မသေနိုင်။

" တကယ်လို့များ ဆူးရဲ့ ဘဝကို မောင်သေချာသိခဲ့ရင် မောင်ထပ်ပြီးချစ်နိုင်ပါ့မလား။ "

|| ချစ်ခဲ့သမျှ || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »Where stories live. Discover now