Part:1🍊

392 85 26
                                    

လူအများစည်ကားနေတဲ့ခမ်းမကျယ်ကြီးတစ်ခုထဲတွင် အချင်းချင်းကတိသစ္စာဆိုနေကြသော သတို့သားနှစ်ဦး။ အဖြူရောင်ဝတ်စုံနဲ့နတ်သားတမျှလှရက်လွန်းတဲ့ ကောင်လေးတစ်ယောက်ရဲ့မျက်ဝန်းထက်တွင် အမည်ဖော်မရသောစကားလုံးများကနေရာယူလျက်။ တစ်ဖက်မှာလည်း ခန့်ညားချောမောလှတဲ့အမျိုးသားက ချစ်ရိပ်သန်းနေတဲ့မျက်ဝန်းတို့ဖြင့် ချစ်ရသူလေးရဲ့လက်ကလေးကိုညင်ညင်သာသာဖွဖွကလေးကိုင်ကာ ကတိသစ္စာဆိုနေလျက်။

Seokjin တစ်ယောက် သူ့ရှေ့ကအမျိုးသားချောချောကိုကြည့်ပြီး ရင်ထဲမှာလှိုက်ဖိုမောလာခဲ့ရသည်။ ဒီခံစားချက်ဟာ ဒီအမျိုးသားအပေါ်ရင်ခုန်မိတဲ့ခံစားချက်။ တစ်ပြိုင်နက်တည်းမှာပဲ စိုးရိမ်စိတ်တို့ကကပ်ပါလို့နေခဲ့ပြန်ပါသည်။ လက်ထက်လက်စွပ်လဲလှယ်ပြီးတဲ့နောက်မှာတော့ နှစ်ဦးသားအကြင်နာပေးဖို့အချိန်ရောက်လာခဲ့ချေပြီ။

နှုတ်ခမ်းဖူးဖူးပေါ် ညင်သာစွာရောက်လာတဲ့ ခပ်နွေးနွေးနှုတ်ခမ်းပါးတစ်စုံကြောင့် သူ့လက်တွေဟာ အယောင်ယောင်အမှားမှားဖြင့် ထိုအမျိုးသားရဲ့ရင်ဘက်အစုံဆီကို တင်းကြပ်စွာဆုပ်ကိုင်မိတော့သည်။ တစ်ခဏလေးဆိုပေမယ့် ထိုအနမ်းက သူ့အတွက်တော့တစ်သက်မေ့မရတော့မယ့်အနမ်းတစ်ခုအဖြစ် သူ့ရင်ထဲနှလုံးသားထဲ ဦးနှောက်မှတ်ဉာဏ်ထဲထိပါ စွဲထင်ကျန်ခဲ့တော့မည်ပင်။

တစ်ဖြောင်းဖြောင်းနဲ့ထွက်ပေါ်လာတဲ့လက်ခုပ်သံတွေကြား သူအောက်မှာထိုင်နေတဲ့မေမေ့ကိုကြည့်လိုက်မိသည်။ မေမေက အသက်မပါစွာသူ့ကိုကြည့်‌ေနသည်။ မေမေတစ်စက်လေးမှမပြုံးခဲ့ပါ။ မေမေ့ရဲ့အချစ်တော်မှမဟုတ်ပဲ။ ဘယ်လိုလုပ် မေမေ့ဆီကကြည်ဖြူမှုနဲ့ သူ့အတွက်ဖြစ်တည်လာမယ့်အပြုံးကို မျှော်လင့်နေမိပါလိမ့်.??

" အချစ်..!"

ရုတ်တရက်ဆိုသလို Jungkook ရဲ့ခေါ်သံကြောင့် သူ့အတွေးတို့ဟာတိကနဲ။ အချစ်ဆိုတဲ့နာမ်စားဟာ သူ့အတွက်မဟုတ်ပါပဲ ဘာလို့ပျော်နေမိပါလိမ့်.??ဘာလို့ကျေနပ်နေမိပါလိမ့်.??တစ်ချိန်ချိန်မှာ သူဟာဒီအမျိုးသားနားကနေထွက်ခွာသွားရမယ့် ခဏတာလာတဲ့ဧည့်သည်မဟုတ်ပါ‌ေရာလား?။

ရိပ်Where stories live. Discover now