Part:4🍊

197 55 12
                                    

Seokjin တစ်ယောက်မနက်နိုးတော့ ဆေးရုံမသွားခင် အစ်ကို့အတွက်နွားနို့ပူပူလေးရယ် ဘီစကစ်လေးတွေရယ် ပေါင်မုန့်မီးကင်ရယ်ပြင်ဆင်ပေးလိုက်ပြီးအပေါ်တက်လာခဲ့လိုက်သည်။ ရေချိုးခန်းထဲကအသံကြားတော့ အစ်ကိုနိုးနေပြီဆိုတာသူသိလိုက်သည်။ တွန့်ကျေနေတဲ့အိပ်ရာခင်းတွေကိုသေသေသပ်သပ်ဖြစ်အောင်ပြင်လိုက်ပြီး ခေါင်းအုံးတွေ စောင်တွေကိုလည်းသေချာ ပြန့်နေအောင်လုပ်လိုက်သည်။ အစ်ကိုရေချိုးခန်းထဲကထွက်လာရင် အသင့်ဝတ်လို့ရအောင် suit ကိုပါ တစ်ခါတည်း ထုတ်ထားလိုက်သည်။

ထို့နောက် တဘက်တစ်ထည်ကိုပါပခုံးပေါ်တင်ထားရင်း အစ်ကို့ကိုတံခါးဝကနေစောင့်နေလိုက်သည်။ မကြာပါ အစ်ကိုကအောက်ပိုင်းသဘက်တစ်ထည်နှင့်ထွက်လာလေသည်။ 

Jungkook Seokjin ကိုမြင်တော့ ခါးကနေလက်တစ်ဖက်တည်းနဲ့ဆွဲယူပစ်လိုက်ပြီး အနည်းငယ်ဖောင်းနေတဲ့ ပါးဖွေးဖွေးလေးကို နှာခေါင်းတစ်ခုလုံးနစ်ဝင်သွားတဲ့ထိအားရပါးရနမ်းရှိုက်ပစ်လိုက်သည်။

ကျစ်လျစ်မာကျောနေတဲ့ muscle တွေက ချောကလက်အချောင်းတွေလို အမြောင်း‌လိုက်ဖြစ်နေသည်။ ရေချိုးခါစမို့ ဗိုက်သားချပ်ချပ်တို့မှာတွဲလွဲခိုနေတဲ့ရေစက်တို့က မနာလိုချင်စရာ။

အဝတ်မပါတဲ့အစ့်ကိုပုံကိုမြင်ဖူးပေမယ့် ဒီလောက်ထိတော့အနီးကပ်ကြီးမရှိဖူးတာကြောင့်သူရင်တွေပေါက်ထွက်မတတ်ခုန်လာရပြန်သည်။ ပါးတစ်ဖက်ပါအနမ်းခံလိုက်ရတာကြောင့် သူရှက်သွေးဖြာသွားရသည်။

အစ်ကိုက သူ့ကိုရင်ခုန်အောင်သိပ်လုပ်တတ်တာ.!

Jungkook သူ့ကိုကြောင်ကြောင်ကလေးမော့ကြည့်နေတဲ့ ချစ်ရသူကို ကြည့်ကာ သဘောကျနေမိသည်။ မျက်နှာနှစ်ခုထိလုမတတ်ထိနီးကပ်သွားလိုက်ပြီး  ..

" ကိုယ့်ကိုအဲ့လိုကြည့်နေရင်ဘာလုပ်မိမယ် မသိဘူးနော်.."

ခပ်တိုးတိုးအသံက ဆွဲဆောင်မှုရှိစွာ။
Seokjin Jungkook မျက်နှာကိုမော့ကြည့်လိုက်ပြီးနောက်..လက်ထဲကတဘက်လေးနဲ့ ရေစိုနေတဲ့အစ်ကို့ဆံပင်တွေကိုသုတ်ပေးနေလိုက်သည်။

ရိပ်Where stories live. Discover now