Part:2🍊

245 68 8
                                    

သာယာတဲ့မနက်ခင်းမှာမိုးလေးက‌တဖွဲဖွဲ။ လေလေးကတအေးအေးနှင့်ကြည်နူးဖွယ်ကောင်းလှသည်။ မိုးရာသီဝင်တော့မှာမို့ ရာသီဥတုကသိပ်မပူပဲနေလို့ကောင်းသည်။ ဆော့ဂျင် အိပ်ရာကနိုးနိုးချင်း ပါးပြင်ပေါ်ကျရောက်လာတဲ့အနမ်းတစ်ပွင့်ကြောင့် မျက်လုံးအစုံကိုပွတ်သပ်ကာ အိပ်ချင်မူးတူးအသံလေးဖြင့်..

" အလုပ်မသွားသေးဘူးလားအစ်ကို.~"

ဂျောင်ကု သူ့ရှေ့ကအိပ်မှုန်စုပ်ဖွားလေးနဲ့ချစ်စရာကောင်းနေတဲ့ချစ်ရသူလေးကိုအသည်းယားစွာကြည့်နေမိသည် ။ ဘာလို့အရမ်းချစ်ဖို့ကောင်းနေရတာလဲ..??

" ကိုယ်တို့ဟန်းနီးမွန်းထွက်ကြမှာလေအချစ်ရဲ့..!ဘယ်အလုပ်ကိုသွားရမှာလဲ..?"

" အာ..ဟုတ်သားပဲ~"

မနေ့ကတစ်နေ့လုံးလက်ထက်ပွဲကြောင့် ပင်ပန်းထားလို့ထင်။ ညကအိပ်လိုက်တာတစ်ရေးမှမနိုးတော့ပေ။ ခုလည်း အစ်ကိုကဂျယ်ဂျူကိုဟန်းနီးမွန်းထွက်ဖို့ပြောထားတာကိုတောင်သူမေ့နေခဲ့သည်။

" ထပြီးရေချိုးတော့ ကိုယ်မနက်စာပြင်ပေးထားတယ်~"

ဂျောင်ကုဆော့ဂျင်ရဲ့ပါးလုံးလုံးလေးကိုလက်ဖြင့်အသာဖြစ်ညှစ်ရင်းဆိုလိုက်သည်။

" အာ..အချစ်လုပ်ပေးရမှာကို~ခုတော့.."

အားနာနေဟန်ရှိတဲ့အချစ်ကြောင့် သူပြုံးလိုက်မိသည်။
ထို့နောက် အချစ်ရဲ့နားသယ်စကဆံနွယ်လေးတွေကိုလက်ဖြင့် အသာအယာသပ်ပေးရင်း..

" ကိုယ်အချစ်ကိုယူထားတာ အိမ်အလုပ်တွေလုပ်ခိုင်းဖို့မှမဟုတ်တာ..ဘာကိုအားနာနေတာလဲအချစ်က..!"

" ဒါမယ့်~.."

" ရှုးး...တော်ပြီ ကိုယ်လုပ်ပေးတဲ့မနက်စာကိုမစားချင်လို့လား..?"

အစ်ကိုက သူ့ကိုစိတ်မကောင်းသည့်မျက်နှာလေးနဲ့ပြောလာတော့ သူ့မှာပြာယာသွားရသည်။

" မ..မဟုတ်ပါဘူး ဒီတိုင်းအချစ်ကအစ်ကို့အတွက်မနက်စာလုပ်ပေးချင်လို့ပါ.."

" နောက်ရက်လုပ်ပေးလေ..အချစ်လည်းပင်ပန်းထားတာပဲ.."

" ဟုတ်.."

ရိပ်Where stories live. Discover now